သုံးရလွယ်ကူစေသည့် Link များ

ဖိလစ်ပိုင် သမ္မတဟောင်း အကွီနို ဈာပန မနီလာမှာ ကျင်းပ


ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇွန် အကွီနို ရဲ့ ဒီကနေ့ ဈာပန အခမ်းအနားကို တက်ရောက်ဖို့ ဂုဏ်သရေရှိ ပုဂ္ဂိုလ် ထောင်ပေါင်းများစွာ မနီလာမြို့တော်က ဘုရားကျောင်းတော်မှာ စုဝေး ရောက်ရှိလာကြပါတယ်။ အူမကြီး ကင်ဆာရောဂါနဲ့ စနေနေ့တုန်းက အသက် (၇၆) နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင် မစ္စစ် အကွီနို ရဲ့ ဈာပနကို တက်ရောက် ဂါရ၀ပြုသူတွေ ထဲမှာတော့ သမ္မတဟောင်း Joseph Astrada အရှေ့တီမော သမ္မတ Jose Ramos-Horta တို့လည်း ပါဝင်ပါတယ်။

ဘုရားကျောင်း အပြင်ဘက်မှာလည်း ရုပ်မြင်သံကြား အကြီးကြီးတွေကတဆင့် ဈာပနအခမ်းအနားကို ကြည့်ရှုဖို့ မိုး သည်းသည်းမည်းမည်းကြားက စောင့်နေကြတဲ့ လူထု ပရိတ်သတ် ထောင်သောင်းမကလည်း ရောက်လာခဲ့ကြတာပါ။ နိုင်ငံတော်အလံ လွှမ်းခြုံလာတဲ့ မစ္စစ် အကွီနိုရဲ့ ရုပ်အလောင်း ကိုတော့ မနီလာမြို့က အမှတ်တရပန်းခြံကို သယ်ဆောင် လာပြီး ကွယ်လွန်သူ ခင်ပွန်းသည် ဘန်နစ်နို အကွီနို ရဲ့ အုတ်ဂူနံဘေးမှာ မြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ တိမ်းရှောင်နေရာက ပြန်လာပြီး ၁၉၈၃ ခုနှစ်မှာပဲ ခင်ပွန်းသည် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့ နောက် အာဏာရှင်ဟောင်း ဖာဒီနန် မာကို့စ် ကို ဆန့်ကျင်တဲ့ အတိုက်အခံလှုပ်ရှားမှုမှာ မစ္စစ် အကွီနို ရဲ့ အခန်းကဏ္ဍ ပိုလို့ ထင်ရှားလာခဲ့တာပါ။ ခင်ပွန်းသည် လုပ်ကြံခံရပြီး ၃ နှစ် အကြာမှာတော့ ပြည်သူ့အာဏာလို့ ခေါ်ကြတဲ့ လှုပ်ရှားမှုနဲ့ အာဏာရှင် မာကို့စ် ကို ရာထူးက ဖယ်ရှားပြီး သူ အာဏာရလာခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG