သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀က်တုပ်ကွေး ကာကွယ်ဆေး စက်တင်ဘာမှာ စ သုံးနိုင်


ကမ္ဘာမှာ ဝက်တုပ်ကွေး ကာကွယ်ဆေးကို နိုင်ငံ ၅ နိုင်ငံမှာ စတင်စမ်းသပ်နေပြီး နောက်လမှာ စပြီး သုံးစွဲလို့ ရတော့မယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။

သြစတြေးလျ၊ ဗြိတိန်၊ ဂျာမဏီ၊ တရုတ်နဲ့ အမေရိကန် ပြည်ထောင်စုတို့မှာ ဆေးကို လူသားတွေနဲ့ စတင်စမ်းသပ်နေပြီလို့ WHO ကာကွယ်ဆေး သုတေသနဌာန အကြီးအကဲ မာရီယာ ပေါ်လီ ကင်နီက ကြာသပတေးနေ့မှာပဲ ပြောသွားခဲ့ပါတယ်။ တခြားနိုင်ငံတွေမှာလည်း ရက်ပိုင်းအတွင်း စပြီး တုပ်ကွေးဆေး စမ်းသပ်မှာ ဖြစ်တယ်၊ စမ်းသပ်ပြီး ရတဲ့အဖြေကို တလအတွင်း သိရှိနိုင်မှာ ဖြစ်တယ်လို့ သူကပဲ ဆိုပါတယ်။

ကတိုက်ကရိုက် ထုတ်ယူခဲ့ရတဲ့ ကာကွယ်ဆေးမို့ စိတ်မချရဘူးဆိုတဲ့ ပြောဆိုချက်တွေဟာ မမှန်ကန်ကြောင်းလည်း မစ္စကင်နီ က ပြောပါတယ်။ တချို့လူတွေကတော့ ကိုယ်ပူတာမျိုး၊ မူးဝေတာမျိုးလို ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်တယ်၊ ဒါပေမဲ့ ဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံဖို့တော့ သိပ်ရှားပါတယ်၊ လူအများစုအတွက် အဆင်ပြေမှာပါလို့ သူက ပြောပါတယ်။

ကမ္ဘာတလွှားမှာ ဝက်တုပ်ကွေးမိသူပေါင်း ၁၆၂,၀၀၀ ကျော်ပြီး သေဆုံးသူ စုစုပေါင်း ၁,၁၅၄ ဦး ရှိသွားပြီလို့ WHO ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ ပြောထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG