သုံးရလွယ်ကူစေသည့် Link များ

ဒီမိုကရေစီစနစ်ကို ချမှတ်ပေးခဲ့သူ အာရှအမျိုးသမီးခေါင်းဆောင်တဦးရဲ့ နောက်ဆုံးခရီး


ဖိလစ်ပိုင်နိုင်ငံမှာ နှစ်ပေါင်း ၂၀ ကြာ အုပ်စိုးခဲ့တဲ့ အာဏာရှင် ဖာဒီနန် မားကို့စ် ကို ဖြုတ်ချပြီးတော့ ဖိလစ်ပိုင်နိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ချမှတ်ပေးခဲ့သူ ပြည်သူ့အင်အား တော်လှန်ရေးခေါင်းဆောင် လည်းဖြစ် ရိုးရှင်းလှတဲ့ အိမ်ထောင်ရှင်မ တဦးလည်းဖြစ်တဲ့ ကိုရာဇန် အာကွီနို ဟာ အသက် ၇၆ နှစ်မှာ အူမကြီးကင်ဆာနဲ့ သြဂုတ်လ ၁ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ ကိုရီ လို့ လူသိများပြီး ကမ္ဘာတ၀ှမ်းက လူတွေကို အားကျစေခဲ့တဲ့ မစ္စစ် အာကွီနို ဟာ ၁၉၈၆ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဒီအာရှမှာ အတုယူလောက်တဲ့ အမျိုးသမီးခေါင်းဆောင်နဲ့ ပတ်သက်ပြီးတော့ ဗွီအိုအေ သတင်းထောက် ဟေဒါ ဘေရွန်းရဲ့ သတင်းဆောင်းပါးကို နောက်ခံထား ပြီး ဒေါ်လှလှသန်းက ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG