သုံးရလွယ်ကူစေသည့် Link များ

အင်ဒိုနီးရှား ဟိုတယ် ဖောက်ခွဲသူတွေကို ရဲ ဝင်စီးနင်း


အင်ဒိုနီးရှားနိုင်ငံမှာ အရင်လကပဲ အဆင့်မြင့်ဟိုတယ်ကြီးတွေကို အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုအခါမှာတော့ အကြမ်းဖက်သမားလို့ မသင်္ကာသူတွေကို ပစ်မှတ်ထားပြီးတော့ သီးခြား ဝင်ရောက် စီးနင်းမှုတွေ ပြုလုပ်ပြီး အကြမ်းဖက်သမားလို့ ယူဆရသူ အတော်များများကို သတ်ပစ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဂျကာတာမြို့တော်အပြင်ဘက် ဘိုင်ကီစီ အရပ်မှာ သောကြာနေ့နှောင်းပိုင်းက တနေရာကို ဝင်ရောက်စီးနင်းပြီး စစ်သွေးကြွ နှစ်ဦးကို သတ်နိုင်ခဲ့ပြီး ဗုံးလေးလုံး သိမ်းဆည်းမိခဲ့တယ်လို့ ရဲက ဆိုပါတယ်။

သောကြာနေ့က နောက် စီးနင်းမှုတခုမှာတော့ ဂျကာတာမြို့တော်မှာ အရင်လက ဖြစ်ပွားတဲ့ ဗုံးခွဲတိုက်ခိုက်မှုကို အဓိက ပြုလုပ်တယ်လို့ ယူဆရသူရဲ့ အိမ်ကို အင်ဒိုနီးရှား အကြမ်းဖက် နှိမ်နှင်းရေး အထူးတပ်ဖွဲ့က ဝိုင်းပြီးတော့ တိုက်ခိုက်ခဲ့ကြ ပါတယ်။

ဂျာဗားအလယ်ပိုင်း တီမန်ဂွန်း မြို့မှာ လူ အများအပြားကို ဖမ်းဆီးပြီးတဲ့နောက် အကြမ်းဖက်မှုနဲ့ ရဲက မသင်္ကာဖြစ်နေတဲ့ နူဒင်းတော့ ပုန်းအောင်းနေတဲ့ နေအိမ်ကို ရဲက သိသွားခဲ့တာပါ။ သောကြာနေ့ညနေ စောစောပိုင်းကတည်းက ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ စဖြစ်တာ စနေနေ့အထိ ရောက်သွားပါတယ်။

မလေးရှားနိုင်ငံမှာ မွေးဖွားတဲ့ အဲဒီအမျိုးသားဟာ အရှေ့တောင်အာရှဒေသမှာ ရဲက အလိုရှိဆုံး အမျိုးသားဖြစ်ပါတယ်။ သူဟာ အရင်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့လည်း ဆက်စပ်သလို အယ်လ်ခိုင်းဒါး နဲ့ပတ်သက်တဲ့ ဂျမား အစ္စလာမ်မီးယား အဖွဲ့နဲ့လည်း ဆက်စပ်မှု ရှိပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မဲရီးယော့တ် နဲ့ ရစ်ခါတန် ဟော်တယ်တွေကို အကြမ်းဖက် တိုက်ခိုက်ကြောင့် လူပေါင်း ၉ ဦး သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြပါ တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG