သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကယ်ဆယ်ရေး အကူအညီများ ထိုင်ဝမ် ရောက်ရှိ


ထိုင်ဝမ်ကျွန်းတောင်ပိုင်းကို တိုက်ခတ်သွားခဲ့တဲ့ Morakot တိုင်ဖုန်း မုန်တိုင်းသင့်သူတွေအတွက် ကူညီကယ်ဆယ်ရေး ပစ္စည်း တွေ သယ်ဆောင်လာတဲ့ C130 လို့ခေါ်တဲ့ အမေရိကန် စစ်တပ် ကုန်တင်လေယာဉ်တစင်းဟာ မနေ့ကပဲ ထိုင်ဝမ်ကို ဆိုက်ရောက်ခဲ့ပါတယ်။ ဒါဟာ အမေရိကန် အစိုးရက ၁၉၇၉ခုနှစ်ကစလို့ ထိုင်ဝမ်နဲ့ သံတမန် ဖြတ်တောက်လိုက်ပြီး တရုတ် ပြည်မ အစိုးရနဲ့ သံတမန် ဆက်ဆံရေး စတင်တည်ဆောက်ပြီးကတည်းက ပထမဆုံး အမေရိကန် စစ်တပ် လေယာဉ်တစင်း ထိုင်ဝမ်ကို တရားဝင် ခရီးစဉ်နဲ့ ဆိုက်ရောက်လာခဲ့တာဖြစ်ပါတယ်။ မနေ့က ထိုင်ဝမ်ကျွန်းတောင်ပိုင်းမှာရှိတဲ့ တိုင်နန် လေတပ် စခန်းကို ရောက်ရှိလာတဲ့ အမေရိကန် စစ်လေယာဉ်ဟာ ရေကြီးမှုတွေ၊ မြေပြိုမှုတွေကြောင့် အိုးအိမ်ဆုံးရှုံးသွားသူတွေအတွက် လိုအပ်တဲ့ အိမ်ဆောက်ပစ္စည်းတွေ သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ Bulldozer မြေထိုးစက်တွေကို သယ်ဆောင်နိုင်စွမ်းရှိတဲ့ အကြီးစား ရဟတ်ယာဉ်တစင်းကိုလည်း အမေရိကန် စစ်တပ်က ပို့ လိုက်တယ်လို့ ထိုင်ဝမ်အရာရှိတွေက ပြောပါတယ်။ အလားတူ တရုတ်အစိုးရကလည်း ထိုင်ဝမ်ကို ရဟတ်ယာဉ်တွေ ပို့ပေး မယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒါအပြင် တခြားနိုင်ငံပေါင်း ၆၀လောက်ကလည်း ထိုင်ဝမ်ကို အကူအညီ ပေးဖို့ ကမ်လှမ်းခဲ့ပါ တယ်။ တဆက်တည်းမှာပဲ ထိုင်ဝမ်သမ္မတ မာရင်ကျောက် က မုန်တိုင်းသင့်သူတွေကို အကူအညီပေးတာမှာ အစိုးရရဲ့ တုံ့ပြန်မှု ဟာ နှေးကွေးလွန်းတယ်ဆိုတဲ့ ဝေဖန်မှုတွေကို မနေ့က နောက်ထပ်တခါ တောင်းပန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG