သုံးရလွယ်ကူစေသည့် Link များ

အကြမ်းဖက်ခြိမ်းခြောက်မှုတွေကြားက အာဖဂန်ရွေးကောက်ပွဲ ကျင်းပ


ဒီကနေ့ အာဖဂန်နစ္စတန်နိုင်ငံမှာ ပြည်သူ သန်းပေါင်းများစွာဟာ အကြမ်းဖက်မှုတွေ၊ ပြန်လည် ကလဲ့စားချေမှုတွေ စတဲ့ ခြိမ်းခြောက်မှုတွေ ရှိတဲ့ကြားက သမ္မတရွေးကောက်ပွဲ၊ ပြည်နယ်အဆင့် ရွေးကောက်ပွဲတွေမှာ ပါဝင် မဲထည့်ခဲ့ကြပါတယ်။

တာလီဘန်တို့က ရွေးကောက်ပွဲကို အနှောင့်အယှက်တွေ ပေးမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိခဲ့တာကြောင့် ဈေးဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားရပြီး အစိုးရက လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားပါတယ်။ အစောပိုင်းတုန်းက ထွက်လာတဲ့ သတင်းအရ တချို့နေရာတွေမှာ မဲပေးတဲ့သူ တော်တော်နည်းတယ်လို့ ဆိုပါတယ်။ တချို့ ကျေးလက်ဒေသ တွေမှာ ဆိုရင် မဲဆန္ဒနယ်တွေကို သူပုန်တွေက ထိန်းချုပ်ထားတာကြောင့် မဲပုံးတွေ မဖွင့်နိုင်ဘဲ ဖြစ်နေခဲ့တယ်လို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။

ကဘူးလ်မြို့တော်မှာတော့ ဒီမနက်စောစောပိုင်း ဗုံးပေါက်ကွဲမှုတချု့ ဖြစ်ပြီးနောက်ပိုင်းမှာ တာလီဘန် သူပုန် ၂ ဦးကို အသေ ဖမ်းမိခဲ့ပါတယ်။

အာဖဂန်တောင်ပိုင်း ကန်ဒဟာမြို့မှာလည်း အမြောက်ပစ်ခံခဲ့ရပြီး အာဖဂန်နစ္စတန် မြောက်ပိုင်း Kunduz မြို့က မဲရုံတွေ မှာလည်း ရော့ကက်နဲ့ တိုက်ခိုက်မှုတွေ ခံခဲ့ရပါတယ်။ အာဖဂန်မြောက်ပိုင်း Baghlan ပြည်နယ်မှာလည်း အာဖဂန်ရဲချုပ်တဦး ကို တာလီဘန်တို့ ပစ်သတ်ခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အာဖဂန်နစ္စတန်နိုင်ငံတ၀န်းက မဲရုံအများစုကတော့ ဖွင့်နိုင်ခဲ့တယ်လို့ ကုလပြောခွင့်ရသူ Aleem Siddique က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ် တာလီဘန်အစိုးရ ပြိုလဲပြီးနောက် ဒါဟာ ဒုတိယအကြိမ် သမ္မတ ရွေးကောက်ပွဲ ကျင်းပတာ ဖြစ်ပါတယ်။

မြို့တော် ကဘူးလ်မှာ မဲရုံဖွင့်ပြီး မကြာခင်မှာပဲ လက်ရှိသမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) မဲပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG