သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အာဆီယံတွင်း ဆွေးနွေး


နေအိမ်အကျယ်ချုပ်နဲ့ ထပ်ပြီး ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရေး အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းဝင်နိုင်ငံတွေရဲ့ အဆင့်မြင့် ခေါင်းဆောင် ပိုင်းမှာ ဆွေးနွေးနေကြပါပြီ။

အာဆီယံနိုင်ငံတွေက အရာရှိတွေဟာ မနေ့တုန်းက အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ တွေ့ဆုံပြီး မြန်မာပြည် အကြောင်း ဆွေးနွေးခဲ့ကြတယ်၊ ဒီကနေ့လည်း ထပ်ပြီး တွေ့ကြဦးမယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ တီကူ ဖီဇာယာက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ မြန်မာစစ်အစိုးရကို အာဆီယံနိုင်ငံတွေက ပူးတွဲ မေတ္တာရပ်ခံကြဖို့ စဉ်းစားနေကြတယ်လို့ ဆိုပါတယ်။ အာဆီယံနိုင်ငံတွေမှာက တိုင်းပြည်တခုရဲ့ ပြည်တွင်းရေးကို ဝင်ပြီး မစွက်ဖက်ရေးဆိုတဲ့ မူဝါဒ ချမှတ်ထားတာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ်နဲ့ နောက်ထပ် ၁၈ လ နေဖို့ ထပ်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့တာကို အာဆီယံအသင်းက အကြီးအကျယ် စိတ်ပျက်မိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း အပါအဝင် အနောက်နိုင်ငံ တော်တော်များများက အစိုးရတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ဖမ်းဆီးထားတဲ့အတွက် မြန်မာစစ်အစိုးရကို အပြင်းအထန် ကန့်ကွက် ဝေဖန်နေကြပါ တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG