သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်ခေါင်းဆောင်သစ် တင်မြှောက်


ပါကစ္စတန်နိုင်ငံမှာ တာလီဘန်အင်အားစုက ခေါင်းဆောင်သစ်တယောက် ရွေးချယ်တင်မြှောက်လိုက်ပြီလို့ တာလီဘန်စစ်သွေးကြွတွေက ပြောပါတယ်။ တိုင်းရင်းသားဒေသ သုံးခုမှာ တာလီဘန် စစ်ဘက်ရေးရာ အကြီးအကဲ အဖြစ်နဲ့ အသက် ၂၈ နှစ်အရွယ် ကိန်မူလာ မာဆု (Kaimullah Mehsud) က စတင်တာဝန်ယူမှာ ဖြစ်ပါတယ်။

သူဟာ သူ့အရင်ကခေါင်းဆောင် Baitullah Mehsud လိုပဲ ရက်စက်တတ်တယ်လို့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ Baithlluah Mehsud ဟာ သူ့တာဝန်တွေ ဆက်ပြီးမထမ်းဆောင်နိုင်လောက်အောင် နာမကျန်း ဖြစ်နေတာကြောင့် အဖွဲ့ဝင် ၄၂ ဦးပါ တာလီဘန်ကောင်စီက ခေါင်းဆောင်သစ်ကို ရွေးချယ်တင်မြှောက်လိုက်တာ ဖြစ်တယ်လို့ တာလီဘန်တပ်မှူး မော်လ်ဗီ ဖာကာ မိုဟာမတ် (Maulvi Faqir Mohammad) က သတင်းမီဒီယာတွေကို စနေနေ့ကပဲ ပြောသွားပါတယ်။

ဒါပေမယ့် ဘာတူလာ မာဆု (Baithlluah Mehsud) ဟာ သြဂုတ်လ အစောပိုင်းက အမေရိကန် မောင်းသူမဲ့လေယာဉ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီလို့ ယုံကြည်ကြောင်း အမေရိကန်နဲ့ ပါကစ္စတန်အရာရှိတွေက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက ပက်ရှဝါ (Peshawar) မြို့မှာ စနေနေ့က ကားဗုံးကွဲမှု ဖြစ်ပွားပြီး လူနှစ်ဦးမက သေဆုံးသွားတယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောကြပါတယ်။

သေဆုံးသွားသူတွေဟာ အဲန်ဆာရယ် အစ္စလာမ် (Ansarul Islam) စစ်သွေးကြွအဖွဲ့က အဖွဲ့ဝင်တွေဖြစ်တယ်လို့ ရဲက ပြောပါတယ်။ ဒီအဖွဲ့ဟာ Khyber ဒေသမှာ လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပြီး လက်ရှ်ကာ-အီ-အစ္စလာမ် (Lashkar-e-Islam) နဲ့ ဟိုးအရင်ကတည်းက ပြိုင်ဘက်တွေ ဖြစ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG