သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်ဗုံးခွဲသူ လွှတ်ပေးမှု ပြန်စိစစ်ဖို့ စကော့တလန် လွှတ်တော် အရေးပေါ် စည်းဝေး


၁၉၈၈ ခုနှစ်က လူပေါင်း ၂၇၀ သေဆုံးခဲ့ရတဲ့ PAN American လေကြောင်းခရီးစဉ် ၁၀၃ ရဲ့ လေယာဉ်ကြီးကို စကော့တလန် လော့ကာဘီးမြို့ပေါ် ဖြတ်သန်းနေစဉ် ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ တရားခံကို ပြန်လွှတ်ပေးတဲ့ ကိစ္စအတွက် စကော့တလန် ပါလီမန်မှာ ဒီနေ့ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

ဒီတရားခံ လစ်ဗျားနိုင်ငံသား ဘာဆက် အယ်လ်-မက်ဂရာဟီ (Baset al-Megrahi) ကို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တဲ့ စကော့တလန် တရားရေးဝန်ကြီး ကန်နီ မက် အက်စ်ကေး (Kenny McAskill) ကို ပြင်းပြင်းထန်ထန် ဖိအားပေးပြီး လွှတ်တော်မှာ လာရောက် စစ်မေးတာကို ခံယူဖို့ စကော့တလန် လွှတ်တော်က လိုလားနေပါတယ်။

အတိုက်အခံ ပါတီတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး စကော့တလန် အစိုးရကို အယုံအကြည်မရှိ အဆိုတင်သွင်းဖို့ စီစဉ်နေကြပါတယ်။ တရားခံ မက်ဂရာဟီဟာ စကော့တလန် အကျဉ်းထောင်မှာ တသက်တကျွန်း ပြစ်ဒဏ် ကျခံနေရပြီး ဆီးကျိတ်ကင်ဆာရောဂါနဲ့ နောက် ၃ လကြာရင် သေဆုံးသွားဖို့ ရှိတာကြောင့် မေတ္တာဂရုဏာထားပြီး နေရင်းနိုင်ငံမှာ မိသားစုနဲ့အတူ ပြန်လည်သေဆုံးဖို့ အခွင့်အရေး ပေးတဲ့အနေနဲ့ ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ တရားရေးဝန်ကြီး မက် အက်စ်ကေးက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG