မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အရာရှိ ၃ ဦးဟာ သြဂုတ်လ ၂ဂ ရက်နေ့ ညနေပိုင်းမှာ NLD အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီး တစ်နာရီကျော်ကြာ မြန်မာ့အရေး ဆွေးနွေးနေကြပါတယ်။ အထူးသဖြင့် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွေပေါ်မှာ အဓိက မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။ အသေးစိတ်ကို ကြည့်ရှု့နိုင်ပါတယ်။