သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အတိုက်အခံ ခေါင်းဆောင်တွေကို အရေးယူမည်


လက်ရှိသမ္မတ မာမွတ်အမာဒင်နီဂျတ် ပြန်လည်အရွေးခံခဲ့ရတဲ့ အီရန်သမ္မတရွေးကောက်ပွဲ နောက်ပိုင်းမှာ မငြိမ်မသက်မှုတွေ ဖြစ်လာအောင် ဦးဆောင်ခဲ့သူတွေအားလုံးကို အရေးယူအပြစ်ပေးမယ်လို့ သမ္မတ အမာဒင်နီဂျတ် က ပြောလိုက်ပါတယ်။

မနေ့က မြို့တော် တီဟီရန် ကနေ အီရန်တတိုင်းပြည်လုံးကို မိန့်ခွန်းပြောရာမှာ သမ္မတ အမာဒင်နီဂျတ် က - အတိုက်အခံတွေ ဖရိုဖရဲ ဖြစ်နေကြပြီလို့ အတိအလင်း ပြောကြားခဲ့ပါတယ်။

အစိုးရဆန့်ကျင်ဆန္ဒပြတာတွေကို စီစဉ်သူတွေဟာလည်း ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းကို ခံရလိမ့်မယ်။ သူ့စကားနဲ့ ပြောရရင်တော့ ရန်သူ့အစီအစဉ်ကို အကောက်အထည် ဖော်ပေးတဲ့သူတွေဟာ သူတို့လုပ်တဲ့ကိစ္စကို သူတို့ တာဝန်ယူ ရလိမ့်မယ်လို့ ပြောခဲ့တာပါ။

ဆန္ဒပြမှုတွေမှာ နောက်လိုက်သက်သက် အဖြစ် ပါဝင်ခဲ့သူတွေကတော့ အစ္စလာမ်ဘာသာရဲ့ သက်ညှာမှုနဲ့ ကိုင်တွယ်သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ဇွန်လက ကျင်းပခဲ့တဲ့ အီရန်ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ပြန်လည်အရွေးခံခဲ့ရတဲ့အပေါ် ဆန့်ကျင်ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ အဖမ်းခံခဲ့ရသလို အမြောက်အများဟာလည်း အစိုးရကို ထိပါးစော်ကားတဲ့ ရာဇဝတ်မှုနဲ့ ရုံးတင်စစ်ဆေးခံနေကြရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG