သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် ရွေးကောက်ပွဲစတင်


ဂျပန်နိုင်ငံမှာ ဒီကနေ့ ကျင်းပမယ့် ရွေးကောက်ပွဲကို မဲပေးဖို့အတွက် ဂျပန်ပြည်သူတွေဟာ မဲရုံတွေကို သွားပြီးတော့ မဲပေးနေကြပါပြီ။ ဒီရွေးကောက်ပွဲဟာ ဂျပန်နိုင်ငံမှာ Liberal Democratic ပါတီက ရာစုနှစ် တဝက်ကျော် အုပ်ချုပ်ခဲ့တာကို အဆုံးသတ်သွားကောင်း သွားစေမှာပါ။

သဘောထားကောက်ယူမှုစစ်တမ်းတွေမှာတော့ စီးပွားရေးကျဆင်းနေတာတွေနဲ့ အသက်အရွယ်ကြီးရင်သူတွေရဲ့ အရေအတွက် အလျင်အမြန်များလာတာက လက်ရှိအုပ်ချုပ်နေတဲ့ ပါတီကို ထောက်ခံမှုတွေ လျော့ကျလာတာ ဖြစ်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် တာရို အာဆိုက စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ပြီးဆုံးအောင်လုပ်ဖို့အတွက် သူ့ရဲ့ ပါတီကို အချိန်ပိုပေးဖို့ မဲပေးသူတွေကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ သဘောထား ကောက်ယူမှု စစ်တမ်းတွေမှာတော့ လစ်ဘရယ် ဒီမိုကရက်ပါတီအနေနဲ့ သြဇာအရှိန်အဝါကြီးတဲ့ ပါလီမန်ရဲ့ အောက်လွှတ်တော်ကို အသားစီးရမှုကို ရှုံးလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

DPJ လို့ခေါ်တဲ့ အတိုက်အခံ ဂျပန်ဒီမိုကရက်တစ်ပါတီက ပါတီအသေးလေးတွေရဲ့ ထောက်ခံမှုနဲ့ အထက်လွှတ်တော်ကို အသာစီးရ ထိန်းချုပ်ထားနိုင်ခဲ့ပြီးပါပြီ၊။ အောက်လွှတ်တော်မှာပါ အနိုင်ရခဲ့မယ့်ဆိုရင်တော့ DPJ ပါတီရဲ့ ခေါင်းဆောင် ယူကီယို ဟတိုးယာမ ဟာ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်လာမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG