သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Oats and Beans အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English American Style ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများကတော့ feel your oats နဲ့ full of beans တို့ဖြစ်ပါတယ်။

ပထမတင်ပြပေးမယ့် အီဒီယံအသုံးက feel your oats ဖြစ်ပါတယ်။ Feel က စမ်းကြည့်သည်၊ ကိုင်ကြည့်သည်။ Your သင့်ရဲ့။ Oats ကျွဲနွားတိရစ္ဆာန်တွေ လယ်ယာတိရစ္ဆာန်တွေ စားသုံးတဲ့ အစာအပြင် အမေရိကန်နိုင်ငံသားတွေ မနက်စာ နို့နဲ့တွဲဖက်စားသုံးတဲ့ စိုက်ပျိုးသီးနံှ၊ အုတ်ဂျုံ၊ မြင်းစားဂျုံ ဖြစ်ပါတယ်။ ကျမတို့ မြန်မာပြည်မှာတော့ ကျွဲနွားစာအတွက် နှမ်းဖတ်တို့လို ဖြစ်ပါတယ်။ ဗိုက်ပြည့်အောင် စားထားတဲ့ မြင်းဆိုရင် မြူးထူးခုန်ပေါက်နေသလို လူတွေလည်း ဗိုက်ပြည့်အောင် စားရပြီးဆိုရင် ကျေနပ်ကြီးကျေနပ်ကြတာ ကျမအပါအဝင် ဖြစ်ပါတယ်။ ဒါပေမယ့် feel your oats အီဒီယံ အဓိပ္ပါယ်က နောက်တမျိုး ရှိပါတယ်။ ဘဝင်မြင့်နေသူ၊ သူကိုယ်သူ အရေးပါနေသူ၊ အထင်ကြီးနေသူအဖြစ် လူတကာဆရာလုပ်ဖို့ ကြိုးစားနေသူကို ရည်ညွှန်းရာမှာလည်း ဒီ အီဒီယံကို အသုံးပြုပါတယ်။

အခု George Crows ပေးမယ့် ဥပမာမှာတော့ သူ့ဆရာသမား အသစ်အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။

"Bill certainly feels his oats. Now he has been promoted until the rest of us what to do. Somebody ought to tell him he needs to take it easy and be the same friendly guy he always was before he became our new boss."

"Bill က အခု ရာထူးတိုးလာတော့ တကယ့်ကိုဘဲ သိပ်ဘဝင်မြင့်နေတာ။ ကျနော်တို့တတွေကို ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်ဆိုတာတွေ ဆရာလုပ်နေတယ်။ သူအနေနဲ့ အေးအေးဆေးဆေးနေပြီး သူကျနော်တို့ ဆရာသမားအသစ်မဖြစ်ခင်က နေခဲ့တဲ့အတိုင်း ခင်မင်တတ်တဲ့လူတဦးလို နေသင့်တယ်လို့ တယောက်ယောက်က ပြောဆိုသင့်တယ်။"

နောက်တင်ပြပေးမယ့် အီဒီယံအသုံးက full off beans ဖြစ်ပါတယ်။ Full ပြည့်ဝသော၊ Off မှ၊က နဲ့ Beans ပဲစေ့များ တို့ဖြစ်ပါတယ်။ လုံးကောက်အဓိပ္ပါယ်က ပဲစေ့တွေအပြည့်နဲ့ ဖြစ်ပါတယ်။ ပဲပင်ဟာ အမေရိကန်တိုက်တွေမှာ ပေါက်တဲ့အပင်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ ယာတောတွေ၊ နေအိမ်ခြံတွေမှာ စိုက်ပျိုးကြပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာလည်း ပဲပင်တွေ အမျိုးမျိုး ရှိကြပါတယ်။ ပဲစားရင် ပရိုတင်အသားဓါတ်ပါလို့ အားလည်းရှိပါတယ်။ ဒါကြောင့်မို့ full of beans ဆိုတဲ့ အီဒီယံအသုံးနှုန်းက ကျန်းမာခြင်း၊ အားရှိခြင်း၊ စိတ်ဓါတ်တက်ကြွခြင်း ကို ဆိုလိုပါတယ်။

အခု George Crows ပေးမယ့် ဥပမာကတော့ အလုပ်ကြိုးစားလွန်တဲ့ မိတ်ဆွေ Joe ဟာ အလုပ်ခွင်က ခွင့်ယူပြီး တနေရာမှာ အပန်ဖြေပြီး အနားယူသင့်တယ် အကြောင်းဖြစ်ပါတယ်။

"Joe looks so tired and worn out. He looks awful. Then, his wife made him take two weeks off from work. And when he got back, he was full of beans, full of fresh energy and looking like himself again."

"Joe ကို ကြည့်ရတာ သိပ်ကို ပင်ပန်နွမ်းနှယ်နေပုံပေါ်တော့ မြင်လို့တောင် မကောင်းပါဘူး။ ဒါကြောင့် သူ့ဇနီးက သူကို အလုပ်ကနေ အနားယူခိုင်းတယ်။ သူပြန်လာတော့ အားမာန်အပြည့်နဲ့ပေါ့။ အားသစ်တွေပြည့်လို့ သူနဂိုမူရင်းပုံ ပြန်ဖြစ်လာတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG