သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသေခံ ဗုံးခွဲမှုကြောင့် အာဖဂန် အရှေ့ပိုင်းမှာ လူ ၂၃ဦး သေဆုံး


အာဖဂန်နိုင်ငံ ကဘူးမြို့ အရှေ့ဘက် မိုင် ၆၀ အကွာမှာရှိတဲ့ လက်မန် (Laghman) ခရိုင်၊ မဲတာလန် (Mehtar Lam) မြို့မှာ အသေခံ ဗုံး ပေါက်ကွဲခဲ့တဲ့အတွက် အာဖဂန်နစ္စတန် ထောက်လှမ်းရေး ဒုတိယ အကြီးအကဲ Abdullah Laghmani အပါအဝင် ခရိုင် ထိပ်ပိုင်းအရာရှိ အများအပြား သေဆုံးသွားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ စောစောမှာ မဲတာလန်မြို့ ဗလီဝတ်ကျောင်း ကနေ ထွက်ခွာချိန်မှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ၂၂ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အာဖဂန်နစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။ ဒီအသေခံဗုံးကို တာလီဘန်တွေဘက်က ဖောက်ခွဲတာလို့ ကြေညာပါတယ်။ လူအုပ်ထဲက ထောက်လှမ်းရေး ဒုတိယအကြီးအကဲ Abdullah Laghmani ဟာ သူတို့ရဲ့ အဓိက ပစ်မှတ်ဖြစ်တယ်လို့ တာလီဘန်တွေက ပြောပါတယ်။

ဒီလုပ်ရပ်ဟာ အကြမ်းဖက်သမားတွေရဲ့ ဆိုးရွားတဲ့လုပ်ရပ်လို့ အာဖဂန်နစ္စတန် သမ္မတ ဟာမစ် ကာဇိုင်း Hamid Karzai က ပြောဆိုလိုက်သလို၊ ကဘူးမှာရှိတဲ့ အမေရိကန် သံရုံးကလည်း ဒီအကြမ်းဖက်မှုအတွက် ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။ အာဖဂန်နစ္စတန် တည်ငြိမ်အေးချမ်းမှု ရရှိစေဖို့ အကူအညီ ပေးဖို့အတွက် နိုင်ငံပေါင်း၂၅နိုင်ငံက ကိုယ်စားလှယ် တွေဟာ တချိန်တည်းမှာ တချိန်တည်းမှာပဲ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဆွေးနွေးပွဲ ကျင်းပနေကြပါတယ်။ ပြစ်သစ်နိုင်ငံခြားရေး ဝန်ကြီး ဘားနက် ကောက်ချနာ Bernard Kouchner အာဖဂန်နစ္စတန် လုံခြုံစိတ်ချရမှုမရှိမချင်း နိုင်ငံခြားတပ်တွေကို ရုတ်သိမ်းမပေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG