သုံးရလွယ်ကူစေသည့် Link များ

ဝက်တုပ်ကွေး ကာကွယ်ဆေး တရုတ် အတည်ပြု


H1N1 ၀က်တုပ်ကွေး ဗိုင်းရပ်စ် ကာကွယ်ဆေး တကြိမ်ထိုးဖို့ တရုတ်အစိုးရက ခွင့်ပြုလိုက်ပါပြီ။ ဆိုင်နိုဗက်လို့ခေါ်တဲ့ တရုတ် ပြည်တွင်းဖြစ် ဆေးလုပ်ငန်းကို ၀က်တုပ်ကွေး ကာကွယ်ဆေး ထုတ်လုပ်ဖို့ ခွင့်ပြုချက် ပေးလိုက်ပြီလို့ နိုင်ငံတော် အစားအစာနဲ့ ဆေးဝါးဌာနက ကြေညာလိုက်တာပါ။

အဲဒီကာကွယ်ဆေးသစ်ကို ပြီးခဲ့တဲ့လမှာပဲ အပြီးသတ် စမ်းသပ်ခဲ့တာပါ။ ဒီကာကွယ်ဆေးဟာ အခုဖြစ်ပွားနေတဲ့ ၀က်တုပ်ကွေး ရောဂါပိုးကို အဓိက တိုက်ဖျက်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဝက်တုပ်ကွေးကြောင့် ဒီနှစ်အတွင်း ကမ္ဘာတ၀န်းမှာ သေဆုံးခဲ့ရသူပေါင်း အနည်းဆုံး ၂,၁၈၅ ယောက် ရှိသွားခဲ့ပါပြီ။ ကျွမ်းကျင်သူတွေကတော့ ကာကွယ်ဆေးက လူတယောက်ကို ၂ ကြိမ်ထိုးမှ လုံလောက်လိမ့်မယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရကတော့ ၀က်တုပ်ကွေး ကာကွယ်ဆေးတွေကို သန်းပေါင်း ၁,၃၀၀ ရှိတဲ့ လူဦးရေအတွက် ဒီနှစ်ကုန်ပိုင်းအထိ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်နေတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG