သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စွမ်းအင် နဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု


အာရှတိုက်မှာ သဘာဝဓာတ်ငွေ့ အမြောက်အများ ထုတ်လုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်မှု လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ၊ ထွက်လာတဲ့ အရင်းအမြစ်တွေကိုလည်း ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချမှုတွေ ရှိနေပါတယ်။ ဒီအတွက်လည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအတွက် အင်အားဖြည့် ပေးနေတယ်လို့ ယေဘုယျ ဆိုနိုင်ပေမယ့် ဝေဖန်သူတွေ ကတော့ အုပ်ချုပ်သူ အစိုးရရဲ့ ချုပ်ကိုင်မှုကြောင့် ထင်သလောက် အရာမရောက်လှဘူးလို့ ဆိုနေကြတာပါ။ စွမ်းအင် ကဏ္ဍမှာ ပြည်ပနိုင်ငံတွေနဲ့ ပိုပြီး စီးပွားဖက်စပ် လုပ်ကိုင်တာတွေ တိုးပွားလာတဲ့နေရာမှာ မြန်မာစစ်အစိုးရက စီးပွားရေးသာမက နိုင်ငံရေး အမြတ်အတွက်ပါ ရည်ရွယ် ဆောင်ရွက်နေတာတွေ ရှိနေတယ်လို့လည်း ရှုမြင်နေကြတဲ့အကြောင်း ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG