သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒုက္ခသည် ကုလတွေ့ခွင့်တောင်း


မကြာခင်တုန်းက မြန်မာနိုင်ငံ အရှေ့မြောက်ခြမ်း ကိုးကန့်ဒေသမှာဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံကနေ တရုတ်ပြည်ဘက် ထွက်ပြေးခဲ့ရတဲ့ သောင်းနဲ့ချီတဲ့ ကိုးကန့်ဒုက္ခသည်တွေကို တွေ့ခွင့်ပေးဖို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တရုတ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ ကိုးကန့်ဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့အတွက် အရင်ဦးဆုံး သူတို့ဆီမှာ ဘာတွေလိုအပ်တယ် ဆိုတာကို လေ့လာအကဲဖြတ်ခွင့်ရဖို့အတွက် တရုတ်အစိုးရကို ပန်ကြားလိုက်တာပါ။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ရှမ်းပြည်အရှေ့မြောက်ဘက် ကိုးကန့် တရုတ်လူမျိုးအများစု နေထိုင်တဲ့ဒေသမှာ ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်အစိုးရတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ကိုးကန့်ဒုက္ခသည်ပေါင်း ၃ သောင်းလောက်အထိ တရုတ်နိုင်ငံ ယူနန်နယ်ထဲကို ထွက်ပြေးခိုလှုံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအထဲက အများစုကတော့ ဌာနေ မြန်မာပြည်ထဲကို ပြန်သွားကြပြီလို့ ဆိုပါတယ်။

အခြေအနေ မတည်ငြိမ်တဲ့ ဝဒေသမှာလည်း ပဋိပက္ခတွေ အချိန်မရွေးဖြစ်လာနိုင်တာမို့ အဲဒီလိုဖြစ်လာရင် ဒုက္ခသည်တွေ ထွက်ပြေးလာနိုင်ဖို့ ရှိတယ်လို့လည်း ကုသလမဂ္ဂက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG