သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ဆင်ခြေဖုံး အမှိုက်တွေဖုံးလွမ်း


ရန်ကုန်မြိ့ုအတွင်း ဆင်ခြေဖုံးရပ်ကွက်နဲ့ ဆင်းရဲသားတွေ နေထိုင်ရာမြိ့ုတွေမှာ စည်ပင်သာယာက အမှိုက်မသိမ်းတဲ့အတွက် နေရာတော်တော်များများ အမှိုက်ပုံတွေ တနေ့တခြား များလာနေပါတယ်။ လမ်းတွေ ပလက်ဖေါင်းတွေ ပျက်ရင်လည်း ဝန်ထမ်းမရှိတာကို အကြောင်းပြုပြီး စည်ပင်သာယာက ပြင်မပေးတော့တဲ့အတွက် တချိန်က မြိ့ုတော်ရန်ကုန်ဟာ မြန်မာစစ်အစိုးရခေါင်းဆောင်တွေ နေပြည်တော်ကို ပြောင်းရွှေ့ပြီးနောက်မှာ စွန့်ပစ်ခံမြိ့ုကြီးတခုလို ဖြစ်နေပြီလို့ ရန်ကုန်မြိ့ုခံတချို့က ပြောနေကြပါတယ်။ သတင်းစုံကို ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် က တင်ပြပေးထားပါတယ်။

Burmese Version

English Version

မဲဆောက် အမှိုက်ပုံနေ မြန်မာများ

မြန်မာနိုင်ငံသား အများအပြား အလုပ်သွားလုပ်ကြတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ (Maesot) မှာ စက်ရုံအလုပ်ရုံတွေမှာ မဟုတ်ဘဲ အမှိုက်ပုံတွေမှာလည်း နေထိုင်လုပ်ကိုင်စားသောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း ရှိနေပါတယ်၊ ထိုင်းနယ်စပ် မဲဆောက်မြို့ကို ကိုယ်တိုင်ရောက်ရှိခဲ့တဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်ပြီး တင်ပြထားပါတယ်။

XS
SM
MD
LG