သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်ကမ်းရိုးတန်းသွား သင်္ဘော နစ်မြုပ် လူပေါင်း ၆၀ပျောက်ဆုံး


ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းမှာ နစ်မြုပ်သွားတဲ့ သင်္ဘောပေါ်က လူ ၉၀၀ ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ် က ပြောပါတယ်၊ သေဆုံးသူဟာ အတည်ပြုနိုင်သလောက် ၉ ဦး ရှိသွားပြီး ၆၀ ကျော် ပျောက်ဆုံး နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ခရီးသည် တထောင်နီးပါး ပါတဲ့ Super Ferry 9 ခရီးသည်တင် သင်္ဘော တနင်္ဂနွေနေ့မှာ လုံးဝ နစ် မသွားခင်မှာ ခရီးသည် အများစုကို တခြား သင်္ဘောတွေပေါ် သက်ဆိုင်ရာက ပြောင်းတင် ပေးနိုင်ခဲ့ပါတယ်။

General Santos မြို့ကနေ အီလိုအီလိုမြို့ကို အသွား သဘောၤဟာ ရှော်ခွန် ပင်လယ်အော်မှာ တနင်္ဂနွေနေ့ လင်းအားကြီး ချိန်မှာ စတင် တိမ်းမှောက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သင်္ဘောနစ် မသွားခင် သင်္ဘောကို စွန့်ပြီး သွားကြဖို့ သင်္ဘော Captain က ခရီးသည်တွေကိုရော ဝန်ထမ်းတွေကိုပါ အမိန့်ပေးခဲ့ပါတယ်။ ပျောက်ဆုံးနေသူတွေကို ရေတပ် သင်္ဘောတွေ၊ လေတပ်က ရဟတ်ယာဉ်တွေနဲ့ လိုက်လံ ရှာဖွေနေပါတယ်။

အမေရိကန်ကလည်း ဖိလစ်ပိုင်တောင်ပိုင်းမှာ စစ်ရေး လေ့ကျင့်နေတဲ့ အမေရိကန် ရဟတ်ယာဉ်တွေနဲ့ အမေရိကန် ဆေးတပ်မှူးတွေပါတဲ့ သင်္ဘောတွေကိုလည်း သင်္ဘောမှောက်တဲ့ နေရာကို စေလွှတ်ခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးတာနဲ့ သင်္ဘော ဘာကြောင့် မှောက်ခဲ့ရသလဲဆိုတာကို စုံစမ်း စစ်ဆေးမယ်လို့ ကမ်းရိုးတန်းစောင့်တပ် တာဝန်ရှိသူတွေ က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG