သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ရိုးမမှာ ရှားပါးလိပ် တွေ့ရှိ


မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် တောတောင်ထဲမှာ ကမ္ဘာ့ရှားပါး လိပ်မျိုးစိတ်ကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ အခွံ အညိုရောင် ရှားပါးလိပ်မျိုးစိတ် ၅ ကောင်ကို နယူးယောက် အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က သိပ္ပံပညာရှင် အုပ်စုတစုက ရခိုင်ရိုးမထဲက ဘေးမဲ့တောအုပ်ထဲမှာ စူးစမ်း သုတေသန လုပ်နေစဉ်မှာ တွေ့ရှိခဲ့ကြပါတယ်။

၁၀ လက်မနီးပါးရှိတဲ့ ရှားပါးလိပ်တွေကို ရခိုင်ရိုးမ တောတွေထဲမှာ မေလက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလိပ်မျိုးစိတ်ကို ၁၉၉၀ ပြည့်လွန် နှစ်လယ်ပိုင်းက တရုတ် အစားအသောက်ဈေးတခုမှာ ရောင်းချနေတာ မတွေ့ရခင်အထိ ဒီလိပ်မျိုး တုံးသွားပြီလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေက ထင်ခဲ့ကြတာပါ။

တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် ဖမ်းဆီးရောင်းချမှုတွေကြောင့် အာရှလိပ်မျိုးစိတ် အတော်များများဟာ မျိုးတုံးကုန်ကြတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG