သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား အမေရိကန် အလုပ်သမားတွေကို ဂုဏ်ပြု


အမေရိကန် အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲအဖြစ် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အလုပ်သမား လှုပ်ရှားမှုများ အားကောင်းရင် နိုင်ငံရဲ့ စီးပွားရေးကို အားကောင်းစေတယ်လို့ ပြောဆိုလိုက်ပါတယ်။

အိုဟိုင်းယိုးပြည်နယ် စင်စင်နတီမြို့မှာ တနင်္လာနေ့က ပြုလုပ်တဲ့ အမေရိကန် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် နှစ်ပတ်လည် ပျော်ရွှွင်ပွဲမှာ သမ္မတ အိုဘားမားက အဲဒီလို ပြောကြားတာဖြစ်ပြီး သူ့အစိုးရက လူလတ်တန်းစားကို နိုင်ငံစီးပွားရေးရဲ့ ကျောရိုး အဖြစ် ဆက်လက် ထားရှိစေမယ်လို့ အာမခံသွားပါတယ်။

သူ့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးကို ထောက်ခံကြဖို့ တိုက်တွန်းသွားပြီး သမ္မတက ဗုဒ္ဓဟူးနေ့ ကွန်ဂရက်စ် လွှတ်တော် စည်းဝေးပွဲကြရင် အသေးစိတ် ဆွေးနွေးသွားမယ်လို့ ပြောဆိုပါတယ်။

အလုပ်သမား ၁၅၅ သန်းရှိတဲ့ အမေရိကန်နိုင်ငံမှာ အလုပ်သမားနေ့ကို လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်ကတည်းက ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ အမေရိကန် ၁၅ သန်း အလုပ်လက်မဲ့ ဖြစ်နေကြပြီး သမ္မတ အိုဘားမားကတော့ စီးပွားရေး ဦးမော့လာနေတဲ့ လက္ခဏာ များ တွေ့ရလို့ နိုင်ငံဟာ လမ်းမှန်ပေါ်မှာ လျှောက်လှမ်းနေပြီလို့ ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG