သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် တုပ်ကွေးရာသီ ဝက်တုပ်ကွေး ပျံနှံကူးစက်နိုင်ချေ စိုးရိမ်မှု


သြဂုတ် ၂၆၊ ၂၀၀၉။ အမေရိကန်ပြည်ထောင်စုမှာ လာမယ့် အောက်တိုဘာလ အကုန်ဆိုရင် နှစ်စဉ်အဖြစ်များနေကြ တုပ်ကွေးရာသီ စပါပြီ။ ဒီနှစ်မှာတော့ အခါတိုင်းထက်စောပြီး ရာသီ တုပ်ကွေးတွေဖြစ်လာမယ်လို့ သုတေသီတေါက ခန့်မှန်းထားပါတယ်။ အခုလို တုပ်ကွေးရာသီရောက်မှာနဲ့အမျှ လတ်တလော ကမ္ဘာမှာ ပျံနှံလာတဲ့ တုပ်ကွေးမျိုးစိတ်သစ် H1N1 ဝက်တုပ်ကွေးဗိုင်းရပ် ကာကွယ်ထိန်းချုပ်နိုင်ဖို့လည်း သုတေသီတွေဟာ စိုးရိမ်တကြီး ပြင်ဆင်ဆောင်ရွက်နေကြပါတယ်။

သုတေသီတွေဟာ အခု ဗိုင်းရပ်ပိုးနဲ့ပတ်သက်လို့ ပိုပြီးတော့ လေ့လာနိုင်တဲ့အမျှ ၁၉၁၈ စပိန်တုပ်ကွေး ကပ်ဘေးဆိုးကြီးနဲ့ ယှဉ်ပြီး တွက်ချက်လာပါတယ်။ အခု ဝက်တုပ်ကွေးဗိုင်းရပ် ပျံနှံမှုနဲ့ပတ်သက်လို့ ကိုင်တွယ်ဆောင်ရွက်နေကြရာမှာ ဗိုင်းရပ်အသွင်ပြောင်းမှုကို သုတေသနလုပ်နေတဲ့ ဆေးသိပ္ပံပညာရှင်အချို့ရဲ့ အထိုင်နေရာကတော့ အမေရိကန်ပြည်ထောင်စု John Hopkins တက္ကသိုလ် Bloomberg လူထုကျန်းမာရေးဌာန ဖြစ်ပါတယ်။

ဝက်တုပ်ကွေးဟာ အခု လာမယ့် အမေရိကန်တုပ်ကွေးရာသီမှာ ဘယ်လောက် ဒုက္ခပေးနိုင်မလဲ သုတေသီတွေရဲ့ တွက်ချက်မှုကို အခု အပတ် ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG