သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်က တပ်ဖွဲ့ရုပ်သိမ်းရေး အစီအစဉ် အမေရိကန် စွဲကိုင်ထားဆဲ


လတ်တလော ကာလအတွင်း အီရတ်နိုင်ငံမှာ ဆူပူမှုတွေ ကြီးထွားလာပေမယ့် ၂၀၁၀ ခုနှစ် သြဂုတ်လမှာ အီရတ်ရှိ အမေရိကန် တိုက်ခိုက်ရေးတပ်ဖွဲ့များ ရုပ်သိမ်းရေး အစီအစဉ်အတိုင်း ဝါရှင်တန်က လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အီရတ်ဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စတိုဖာ ဟေးလ် (Christopher Hill) က ပြောပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ အချိန်ဇယားအတိုင်း အမေရိကန်တပ်ဖွဲ့များ တစတစ ရုပ်သိမ်းရေးအပေါ် အီရတ်လူထု စိတ်ဓာတ်ကျအောင် အဲဒီလို ဆူပူတိုက်ခိုက်နေကြတာ ဖြစ်တယ်လို့ ကြာသပတေးနေ့က သံအမတ် ဟေးလ်က ကွန်ဂရက်စ်လွှတ်တော် ကြားနာပွဲမှာ ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

ယခင်သမ္မတ ဘုရှ်အစိုးရနဲ့ အီရတ်အစိုးရတို့ကြား သီးခြား သဘောတူညီချက်တရပ် အရတော့ ၂၀၁၁ ခုနှစ်အကုန်မှာ အထောက်အကူ တပ်ဖွဲ့များ အပါအဝင် အမေရိကန်တပ် အားလုံး အီရတ်နိုင်ငံက ရုပ်သိမ်းရမှာ ဖြစ်ပါတယ်။

အာရပ်တွေနဲ့ ကာ့ဒ်တွေအကြား တင်းမာမှုများကနေ ဆူပူမှုကြီးများအထိ ကြီးထွားလာမှာကို ဥပဒေပြု အမတ်များရော၊ စစ်ဘက်တပ်မှူးကြီးများကပါ စိုးရိမ်နေကြပါတယ်။

အီရတ်နိုင်ငံမြောက်ပိုင်း တည်ငြိမ်ရေးအတွက် အမေရိကန် တပ်မှူးချုပ် ဗိုလ်ချုပ်ကြီး ရေး အိုဒီယာနို (Ray Odierno) ဟာ အီရတ် ဗဟိုအစိုးရနဲ့ရော ကာ့ဒ်ဒေသ အစိုးရနဲ့ပါ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ခရစ္စတိုဖာ ဟေးလ်က ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG