သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ အချေအတင်ဖြစ်စရာ ရတနာသဘာဝဓာတ်ငွေ့အခြေအနေ


မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွေကနေ နိုင်ငံခြားငွေ အမြောက်အများ ရနေပေမယ့်လည်း စစ်အစိုးရက အကျိုးရှိတဲ့ နေရာတွေမှာ သုံးစွဲမှုတွေ မရှိဘူး၊ ဒီလို လုပ်ဆောင်နေတာတွေကိုလည်း အဲဒီလုပ်ငန်းမှာ ပါဝင်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေ က မသိကျိုးကျွံ လုပ်နေတယ်လို့ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ပြောဆိုလိုက်ကြပါတယ်။ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရာ ရတနာဓာတ်ငွေ့သိုက်က ရောင်းချလို့ ရတဲ့ ငွေတွေကိုလည်း ပြည်ပဘဏ်တွေမှာ အပ်နှံထားတယ် ဆိုပြီး အပြစ်တင်ခဲ့ကြပေမဲ့ စွပ်စွဲခံရတဲ့ ကုမ္ပဏီတွေကတော့ ဒီပြောဆိုမှုတွေဟာ မမှန်ဘူးလို့ ငြင်းဆန်ထားကြတာပါ။ အချေအတင် ဖြစ်စရာ ရတနာ သဘာဝဓာတ်ငွေ့လုပ်ငန်း အခြေအနေတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြ ပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG