သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပရှိ အမေရိကန် ဒုံးလက်နက် ကာကွယ်ရေးစနစ် ဖျက်သိမ်း


အမေရိကန်နဲ့ သူ့ရဲ့ နေတိုးအဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ဖို့အတွက် ပိုလန်နဲ့ ချက်နိုင်ငံမှာ တည်ဆောက်ဖို့ လုပ်ထားတဲ့ ရှိရင်းစွဲ ဒုံးလက်နက် ကာကွယ်ရေးစနစ် အစီအစဉ်ကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောကြားလိုက်ပါတယ်။

ဒုံးလက်နက် ကာကွယ်ရေးစနစ် အသစ်က ပိုပြီး စရိတ်သက်သာတဲ့အပြင် ထိထိရောက်ရောက် လုပ်သွားနိုင်မှာ ဖြစ်တယ်လို့ မစ္စတာအိုဘားမားက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒုံးလက်နက် ကာကွယ်ရေးစနစ် အစီအစဉ်အသစ်မှာ တောင်နဲ့ မြောက်ဥရောပဒေသ ကြားဖြတ်ပြီး တားဆီးနိုင်မယ့်စနစ်၊ ထောက်လှမ်းရေး စနစ်သစ်တွေနဲ့ စစ်သင်္ဘောတွေမှာ ဒုံးကျည်တွေ ပါဝင်မှာဖြစ်တယ်လို့ ပင်တဂွန် အမေရိကန် စစ်ဌာနချုပ်က ပြောပါတယ်။ အခုလို အပြောင်းအလဲတွေ လုပ်လိုက်တာဟာ အီရန်ဒုံးကျည် အစီအစဉ်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက် အသစ်တွေအရ ပြောင်းလဲလိုက်တာ ဖြစ်တယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

ဥရောပအလယ်ပိုင်းမှာ တည်ဆောက်ဖို့ စီစဉ်ထားခဲ့တဲ့ ဒုံးလက်နက် ကာကွယ်ရေး အစီအစဉ်ဟာ အီရန်နိုင်ငံဘက်ကနေ တိုက်ချင်းပစ် ဒုံးကျည်ကို တန်ပြန် တိုက်ခိုက်နိုင်ဖို့အတွက် ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ဘက်ကနေ ဥရောပ အလယ်ပိုင်းမှာ တည်ဆောက်ဖို့ လုပ်ထားတဲ့ အစီအစဉ်ကို ပယ်ဖျက်ဖို့ အိုဘားမားရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ တာဝန်သိတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက် (Dmitiri Medvedev) က ပြောကြားလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG