သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံရေး အကျဉ်းသားတချို့  လွတ်မြောက်


မြန်မာအကျဉ်းထောင်အတွင်းမှ အကျဉ်းသား ၇၁၁၄ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်လို့ စစ်အစိုးရက စက်တင်ဘာလ (၁၇) ရက်နေ့မှာ ကြေညာပါတယ်။ လူမှုရေးသက်ညှာမှု နဲ့ တိုင်းပြည်ထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ကျန်ရှိနေသေးတဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပြီး လွှတ်ပေးလိုက်တာလို့ အစိုးရ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

လွတ်မြောက်လာသူများထဲမှာ နိုင်ငံရေး အကျဉ်းသား (၅၀) ကျော်သာ ပါဝင်ကြောင်း မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ပြောဆိုကြပါတယ်။ ပြန်လည်လွတ်မြောက် လာသူတွေထဲမှာ နှစ်ရှည်ထောင်တန်ကျခံနေရသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်းနိုင်း၊ မုံရွာအောင်ရှင် ခေါ် ဦးအောင်မြင့်၊ Eco-Vision ဂျာနယ်သတင်းထောက် မအိမ့်ခိုင်ဦးနဲ့ ကိုကျော်ကျော်သန့် တို့ ပါဝင်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG