သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ရွေးကောက်ပွဲ တရားမျှတမှုရှိဟု သမ္မတ ကာဇိုင်း ခုခံ


ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ကျင်းပခဲ့တဲ့ အာဖဂန်သမ္မတ ရွေးကောက်ပွဲ မဲလိမ်မှုတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက ချဲ့ကားပြောဆိုခဲ့တာ ဖြစ်တယ်လို့ အာဖဂန်သမ္မတက ပြောကြားလိုက်ပါတယ်။

မဲတွေရဲ့ သမာဓိရှိမှု၊ တည်ကြည်မှုနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ယုံကြည်ကြောင်း၊ အမှန်တကယ်ဖြစ်ခဲ့တဲ့ မဲလိမ်မှုတွေက သတင်းတွေမှာ ဖြစ်နေတာထက် ပိုပြီးတော့ နည်းတယ်ဆိုတာ ယုံကြည်ကြောင်း ဟာမစ် ကာဇိုင်း (Hamid Karzai) က သတင်းထောက်တွေကို မနေ့က ပြောကြားလိုက်ပါတယ်။ မဲလိမ်မှုတွေ ရှိတယ်လို့ တိုင်တန်းပြောဆိုတာနဲ့ ပတ်သက်ပြီး တော့လည်း စုံစမ်းသင့်တယ်လို့ သူက ပြောပါတယ်။

မစ္စတာ အဗ္ဗဒူလာ အဗ္ဗဒူလာ (Abdullah Abdullah) က မစ္စတာကာဇိုင်း နိုင်သွားတဲ့ ပထမအကျော့ ရွေးကောက်ပွဲဟာ အလိမ်တွေဖြစ်ပြီး ဒီလို အနိုင်ရသွားတာဟာ တာလီဘန်တွေကိုပဲ အကျိုးရှိစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် မစ္စတာကာဇိုင်း အစိုးရမှာ ပါဝင်ဖို့ အလားအလာနဲ့ ပတ်သက်ပြီးတော့လည်း သူက ပယ်ချလိုက်ပါတယ်။

ဒီသတင်းနဲ့ တဆက်တည်း အာဖဂန်နိုင်ငံမှာ အသေခံ ဗုံးခွဲတိုက်ခိုက်သူတွေက အီတလီ စစ်ယာဉ်တန်းကို ကဘူးလ်မြို့မှာ တိုက်ခိုက်လိုက်တာကြောင့် အီတလီစစ်သား ၆ ယောက်နဲ့ အာဖဂန်အရပ်သား ၁၀ ယောက် သေဆုံးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG