သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်း အစ္စရေး ခေါင်းဆောင်တွေနဲ့ သမ္မတအိုဘားမား သုံးပွင့်ဆိုင်တွေ့ဆုံမယ်


အစ္စရေးနဲ့ ပါလက်စတိုင်းခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားတို့ ဒီသတင်းပတ်အထဲမှာ ပူးတွဲ တွေ့ဆုံ ရာမှာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်စနိုင်ဖို့ သမ္မတ အိုဘားမားက ကြိုးစားပါလိမ့်မယ်။ နယူးယောက် မြို့မှာ ပြုလုပ်နေတဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံရဲ့ ဘေးပန်းဆွေးနွေးမှုအဖြစ် ခေါင်းဆောင် ၃ယောက် အင်္ဂါနေ့မှာ တွေ့ဆုံကြ မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ မစ္စတာ အိုဘားမားအနေနဲ့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu၊ ပါလက်စတိုင်း ခေါင်းဆောင် Mahmoud Abbas တို့နဲ့ အရင် သီးခြားစီ တွေ့ဆုံဦးမှာပါ။

မစ္စတာ အိုဘားမားရဲ့ ကမ်းလှမ်းချက်ကိုလည်း အစ္စရေးနဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။ အရှေ့ အလယ်ပိုင်းဒေသတွင်း အလုံးစုံ ငြိမ်းချမ်းရေးရရှိဖို့အတွက် သမ္မတ အိုဘားမားက သန္နိဋ္ဌာန်ချထားတယ်ဆိုတာကို ပူးတွဲ ပြုလုပ် မယ့် ဆွေနွေးပွဲက ပြသနေတယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် George Mitchell ကလည်း ပြောပါတယ်။ ငြိမ်းချမ်းကိစ္စ ဆွေးနွေးနိုင်ဖို့ အဓိက အဟန့်အတား ဖြစ်နေရတဲ့ Jordan မြစ် အနောက်ဘက်ကမ်းနဲ့ အရှေ့ ဂျေရုဆလင်မှာ အစ္စရေးတို့ အခြေချ အိမ်ယာတွေ ဆောက်လုပ်တာတွေနဲ့ ပတ်သက်ပြီး မစ္စတာ မစ်ရှဲလ်ဟာ ဖြေရှင်း မပေးနိုင် ခဲ့ဘဲ သောကြာနေ့က အမေရိကန်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG