သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂအထွေထွေညီလာခံ တက်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးရောက်ရှိ


၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ နယူးယောက်မြို့မှာစုဝေး ရောက်ရှိနေကြပါပြီ။

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဗုဒ္ဓဟူးနေ့ စတင်မယ့်အစီအစဉ်မှာ သမ္မတ Obama မိန့်ခွန်းပြောဆိုဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတန်း ကိုယ်စားလှယ် သံအမတ်ကြီး Susan Rice ကပြောပါတယ်။ သမ္မတ Obama က အမေရိကန် နိုင်ငံခြားရေး မူဝါဒကို မူအသစ်နဲ့ ပြောင်းလဲမယ့်ကြောင်း မိန့်ခွန်းပြောဆိုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon ဦးဆောင်ကျင်းပမယ့် ဥတုရာသီအပြောင်းအလဲဆိုင်ရာ ထိပ်သီးညီလာခံကို ဒီနေ့ အင်္ဂါနေ့မှာ ကျင်းပတဲ့အခါ နိုင်ငံ့ခေါင်းဆောင် ၉၀ ကျော် တက်ရောက်ဖို့ရှိပါတယ်။ ဒီဇင်ဘာလကျရင် ဒိန်းမတ်နိုင်ငံမှာ ကျင်းပမယ့် ထိပ်သီးညီလာခံမှာ ကမ္ဘာ့ဥတုရာသီအပြောင်းအလဲဆိုင်ရာ သဘောတူစာချုပ်ကို သက်ဆိုင်ရာ အစိုးရ အသီးသီးက အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့အတွက် စေ့စပ်ရေးမှူးတွေက ဒီနေ့ အကြိုညှိနှိုင်းကြမှာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အဲဒီ ဥတုရာသီ အပြောင်းအလဲဆိုင်ရာ ထိပ်သီးညီလာခံကို တက်ရောက်လာကြမယ့် Isreal ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ Palestine သမ္မတ Mahmoud Abbas တို့ ညီလာခံပြင်ပမှာ သမ္မတ Obama က သီးခြားတွေ့ဆုံပြီး အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး တိုးတက်မယ့် နည်းလမ်းတွေကို ဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG