သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

U.N. အထွေထွေညီလာခံ နဲ့ ကမ္ဘာ့ခေါင်းဆောင်များ


နယူးရော့ခ်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ စက်တင်္ဘာလ ၂၃ ရက်နေ့မှာ စတင်ခဲ့တဲ့ ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဖွင့်ပွဲနေ့မှာ အမေရိကန်သမ္မတ ဘာရက် အိုဘားမား (Barack Obama) အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။ ကမ္ဘာတလွှာပြဿနာတွေကို အမေရိကန်တခုတည်းက ဖြေရှင်းပေးဖို့ မျှော်လင့်ထားလို့ မရဘူးလို့ သမ္မတ အိုဘားမား က ပြောဆိုခဲ့ပါတယ်။ အထွေထွေညီလာခံ ဖွင့်ပွဲနေ့မှာ အရေးပါးတဲ့ မိန့်ခွန်းနဲ့ တင်ပြချက်တွေအကြောင်းကို ဗွီအိုအေသတင်းထောက် Margaret Besheer သတင်းလွှာကို ဦးသန်းလွင်ထွန်းက တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG