သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အရေးကြီး


စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မဲ့အချိန်မှာ မြန်မာနိုင်ငံအတွင်း အကျဉ်းကျနေသူပေါင်း ၇၁၁၄ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လွတ်လိုက်တယ်လို့ စစ်အစိုးရကြေညာခဲ့ပါတယ်။ ပြန်လွတ်ပေးလိုက်သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း ပါဝင်ပြီး အခုအချိန်အထိ အယောက် (၁၀၀) ကျော် ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ပြန်လွတ်လာတဲ့ အကျဉ်းသားများထဲမှာ အများစုမှာ ထောက်လှမ်းရေးအရာရှိဟောင်းတွေ၊ အကောက်ခွန်ဝန်ထမ်းဟောင်းတွေလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့နဲ့ စစ်အစိုးရပြောနေသလို ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ လက်တွေ့ကြဖို့ အကျဉ်းသားအားလုံး ပြန်လွတ်ရေး အရေးကြီးပုံကို မစုမြတ်မွန် က စုစည်းတင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG