သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား အကြောင်းမှန် အီရန်က ထုတ်ဖော်ပေးဖို့ သမ္မတ အိုဘားမား တောင်းဆို


အီရန်နိုင်ငံဟာ လျှို့ဝှက်နျူကလီးယားလက်နက် တည်ဆောက်နေတယ်လို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား နဲ့ တခြား အနောက်တိုင်းခေါင်းဆောင်တွေက စွပ်စွဲလိုက်ပြီး အီရန်ကတော့ မဟုတ်ပါဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ အီရန်နိုင်ငံက နျူကလီးယားလောင်စာ ထုတ်လုပ်မယ်ဆိုပြီး မြေအောက်စက်ရုံတရုံ တည်ဆောက်နေကြောင်း အမေရိကန်သမ္မတ အိုဘားမား နဲ့အတူ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း၊ ပြင်သစ်သမ္မတ နီကိုးလက်စ် ဆာကိုဇီ တို့က သောကြာနေ့မှာ ပြောဆိုလိုက်ကြပါတယ်။

မြေအောက်စက်ရုံက နျူကလီးယားလက်နက်တွေ မထုတ်လုပ်ဘူးဆိုတာ သေချာအောင် IAEA ခေါ် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီကို ချက်ချင်း စစ်ဆေးခွင့်ပြုရမယ်လို့လည်း အဲဒီခေါင်းဆောင် သုံးဦးက တောင်းဆိုလိုက်ကြပါတယ်။ အဲဒီလို လျှို့ဝှက်တည်ဆောက်တယ်ဆိုတာ မဟုတ်ပါဘူးလို့ အီရန်နိုင်ငံက ငြင်းဆိုထားပါတယ်။

IAEA ရဲ့ စည်းမျဉ်းအရ မြေအောက်စက်ရုံတည်ဆောက်မှုအကြောင်း အသိပေးထားပြီးဖြစ်တယ်၊ ဒီတည်ဆောက်မှုဟာ တရားဝင်တယ်။ အီရန်က နျူကလီးယားစက်ရုံ တည်ဆောက်တယ်လို့ ပြေဆိုပြီးတဲ့အတွက် သမ္မတ အိုဘားမား အနေနဲ့ နောင်တရလိမ့်မယ်လို့ အီရန်သမ္မတ မာမွတ်အမာဒင်နီဂျက်က ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG