သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ရွေးကောက်ပွဲ နောက်ဆက်တွဲ အကြမ်းဖက်မှု အလားအလာ ကုလသတိပေး


အာဖဂန်နစ်စတန်မှာ ဩဂုတ်လ ၂၀ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲရဲ့ ကနဦးရလဒ်နဲ့ပတ်သက်ပြီး တိုင်းပြည်တွင်း နောက်ထပ် အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်ချေရှိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက သတိပေးလိုက်ပါတယ်။ ၃ လ တကြိမ်ထုတ်ဝေတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာထဲမှာ မစ္စတာဘန်ကီမွန်းက မဲ မသမာမှုတွေဟာ ပြည်တွင်းနိုင်ငံရေး အခြေအနေတွေကို ကမောက်ကမဖြစ်စေပြီး အကြမ်းဖက်မှုတွေ တိုးမြင့်လာမှာကို စိုးရိမ်ရတယ်လို့ ပြောထားတာပါ။

ကနဦးထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲရလဒ်အရ လက်ရှိသမ္မတ ဟာမစ်ခါဇိုင်း (Hamid Karzai) က ၅၄% ထောက်ခံမဲ ရနေတာဖြစ်ပေမယ့် ကုလသမဂ္ဂက ကမကထပြုထားတဲ့ အလွတ်ရွေးကောက်ပွဲ ကော်မရှင်ကတော့ ရွေးကောက်ပွဲတွင်း ရှိခဲ့တဲ့ မဲလိမ်မှုတွေကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ တကယ်လို့ ကြေညာအပြီးထောက်ခံမဲတွေထဲက တော်တော်များများဟာ မဲလိမ် တွေလို့ တွေ့ရှိခဲ့ရင် သမ္မတ ခါဇိုင်းရဲ့ ထောက်ခံမဲတွေဟာ ၅၀% ထက်နည်းသွားပြီး အဲဒီလိုဆိုရင်တော့ ရွေးကောက်ပွဲကို နောက်တကျော့ ပြန်ကျင်းပရမှာ ဖြစ်ပါတယ်။

ဩဂုတ်လအတွင်း အာဖဂန်နစ်စတန်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သား သေကြေမှု အများဆုံး ရှိခဲ့တယ်လို့လည်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG