သုံးရလွယ်ကူစေသည့် Link များ

နျူကလီးယား ရည်မှန်းချက် အီရန်နိုင်ငံ မစွန့်လွှတ်


အီရန်နိုင်ငံရဲ့ နျူးကလီးယား ရည်မှန်းချက်အစီအစဉ်ကို စွန့်လွှတ်ဖို့မရှိဘူးလို အီရန်သမ္မတ မာမွတ် အမာဒင်နီဂျက်က ပြောကြားလိုက်ပြီး၊ အီရန်နိုင်ငံရဲ့ ယူရေနီယမ်သန့်စင်တဲ့ ဒုတိယ စက်ရုံဟာ အနောက်အင်အားကြီး နိုင်ငံတွေအတွက် အထိနာစေတယ်လို့ ပြောကြားလိုက်ပါတယ်။

အီရန်သမ္မတ မာမွတ် အမာဒီနီဂျက်ဟာ နယူးယောက်မြို့မှာ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ပြီးတော့ အီရန်နိုင်ငံကို စနေနေ့က ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေဟာ အီရန်နိုင်ငံရဲ့ နျူးကလီးယားစက်ရုံတည်ရှိမှုကို အပြစ်တင်မိတဲ့အတွက် နောင်တရနေပြီလို့ မစ္စတာ အမာဒင်နီဂျက်က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ အမေရိကန်၊ ဗြိတိန် နဲ့ ပြင်သစ်တို့က အီရန်နိုင်ငံဟာ နျူးကလီးယား စက်ရုံကို လျှို့ဝှက်စွာ တည်ဆောက်ဖို့ကြိုးစားနေတယ်လို့ သောကြာနေ့မှာတော့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဒီလိုစွပ်စွဲပြောဆိုတာကို အီရန်နိုင်ငံဘက်က ငြင်းဆိုခဲ့ပါတယ်။

စနေနေ့က ပြောခဲ့တဲ့ အပတ်စဉ်မိန့်ခွန်းထဲမှာတော့ - အမေရိကန်သမ္မတအိုဘားမားက အီရန်နိုင်ငံဟာ စိုးရိမ်စရာ ကောင်းလောက်အောင် ရှောင်လွှဲမှုတွေ ဆက်ပြီးလုပ်နေကြောင်း၊ ဒါပေမယ့် သူ့ဘက်ကတော့ အဓိပ္ပါယ်ပြည့်ဝတဲ့ စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ တံခါးဖွင့်ထားဆဲ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

အီရန်အစိုးရအနေနဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီနဲ့ ပူးပေါင်းပြီးတော့၊ ကော်မ်မြို့နားမှာရှိတဲ့ နျူးကလီးယား တည်ဆောက်နေတဲ့ စက်ရုံကို စုံစမ်းစစ်ဆေးသူတွေကို စစ်ဆေးဖို့ခွင့်ပြုသင့်တယ်လို့ သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

အီရန်နိုင်ငံရဲ့ နျူးကလီးယားဆိုင်ရာ အကြီးအကဲ အလီ အက်ဘာ ဆလာဟီ (Ali Akbar Salehi) က - စုံစမ်းဆေးမှုတွေလုပ်ဖို့ ခွင့်ပြုသွားမှာဖြစ်ကြောင်း အီရန်အစိုးရ ရုပ်မြင်သံကြားကနေ ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG