သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုး အတွင်းရေးမှူးချုပ် အာဖဂန်အရေး သမ္မတ အိုဘားမားနဲ့အတူ ရပ်တည်


အာဖဂန်စစ်ပွဲကို အောင်နိုင်တဲ့အထိ မဟာမိတ်တပ်တွေက ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားပြီး စစ်ပွဲကို အဆုံးသတ်သွားတဲ့အထိ အာဖဂန်နိုင်ငံမှာ ဆက်ပြီး နေသွားမှာဖြစ်တယ်လို့ နေတိုးတပ်ဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်က ပြောကြားလိုက်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမား (Obama) နဲ့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံပြီးတဲ့နောက် နေတိုးတပ်ဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်အသစ် အန်ဒါးစ် ဖို့ချ် ရပ်စ်မူဆန် (Anders Fogh Rasmussen) က စစ်ပွဲအတွက် လိုအပ်တဲ့ စစ်ရေးထောက်ပံ့မှုတွေကို မဆုံးဖြတ်ခင် စစ်ရေးဗျူဟာကို အရင်ဆုံး ဆန်းစစ်ရမယ်ဆိုတဲ့ အမေရိကန်သမ္မတ အိုဘားမားရဲ့ အာဖဂန်စစ်ပွဲအပေါ် ချဉ်းကပ်တဲ့ဗျူဟာကို သူ့အနေနဲ့ သဘောတူတယ်လို့ ပြောပါတယ်။

အယ်လ်ကိုင်းဒါး အကြမ်းဖက်ကွန်ယက်ကို ဖျက်ဆီးပစ်ဖို့နဲ့ အာဖဂန်နိုင်ငံရဲ့ လုံခြုံရေး စိတ်ချနိုင်ဖို့ အာဖဂန်အစိုးရနဲ့ ထိထိရောက်ရောက် လက်တွဲလုပ်ဆောင်ဖို့ဟာ အလွန်အရေးပါတယ် ဆိုတာကို အမေရိကန်နဲ့ နေတိုးအဖွဲ့က သဘောတူတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အမေရိကန်နိုင်ငံနဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေမှာ စစ်ပွဲနဲ့ ပတ်သက်ပြီးတော့ လူထုထောက်ခံမှုတွေ ကျဆင်းနေတဲ့အချိန်မှာ သူတို့ ၂ ဦး တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရ တာဝန်ရှိသူတွေဟာ အာဖဂန်နိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ သီတင်းပတ် အတော်ကြာ လေ့လာသုံးသပ်ခဲ့ကြပြီး အနာဂတ်မှာ စစ်ပွဲရဲ့ ဗျူဟာကို ဘယ်လိုချသွားမလဲ ဆိုတာကို ဆွေးနွေးတိုင်ပင်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG