သုံးရလွယ်ကူစေသည့် Link များ

အင်ဒိုနီးရှားငလျင် သေဆုံးသူ ၁,၁၀၀ ခန့် ရှိနိုင်ဟု ခန့်မှန်း


အင်ဒိုနီးရှားနိုင်ငံမှာ မနေ့ကနဲ့ တနေ့က လှုပ်ခတ်သွားခဲ့တဲ့ ပြင်းအားကြီး ငလျင် နှစ်ခုကြောင့် သေဆုံးသူဦးရေပေါင်းဟာ အနည်းဆုံး ၁,၁၀၀ ထက်မနည်း ရှိနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီက ပြောလိုက်ပါတယ်။

လူရာပေါင်းများစွာဟာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြပြီး ထောင်နဲ့ချီတဲ့ လူတွေဟာလည်း ပြိုကျသွားတဲ့ အဆောက်အဦး အပျက်အစီးတွေထဲ ပိတ်မိနေသေးတာမို့ ငလျင်ကြောင့် သေဆုံးသူဦးရေ စုစုပေါင်း ဘယ်လောက် ရှိလဲ ဆိုတာကို တပ်အပ်မပြောနိုင်သေးပါဘူး။

ငလျင်လှုပ်ခတ်ပြီး နောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေကို နှောင့်နှေး စေပါတယ်။ သေဆုံးသူ အများစုဟာ ဆူမားတြားကျွန်းက လူဦးရေ ၉၀၀,၀၀၀ လောက်နေတဲ့ ပါဒန်မြို့မှာ ဖြစ်ပါတယ်။ အဲဒီမြို့မှာ ဆေးရုံတွေ၊ ဟိုတယ်တွေနဲ့ စာသင်ကျောင်းတွေ အပါအဝင် အဆောက်အဦးပေါင်း ၅,၀၀၀ ထက်မနည်း ပြိုကျ ခဲ့ပါတယ်။

အင်ဒိုနီးရှား အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ စစ်လေယာဉ် တွေကို စေလွှတ်ခဲ့သလို အရေးပေါ်ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်း သုံးမယ်လို့ ကြေညာလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG