သုံးရလွယ်ကူစေသည့် Link များ

အာဖဂန် စစ်သွေးကြွ တိုက်ခိုက်မှု အမေရိကန်စစ်သား ၈ ဦး သေဆုံး


အာဖဂနစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း ပါကစ္စတန်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နူရစ္စတန်ပြည်နယ်က အမေရိကန် ရှေ့တန်းစခန်း ၂ ခုကို ရာနဲ့ချီတဲ့ စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့လို့ အမေရိကန်စစ်သား ၈ ယောက်နဲ့ အာဖဂန်စစ်သား ၂ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အာဖဂန်အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။

ကမ်ဒေ့ရှ်ခရိုင်ထဲမှာ ဒေသခံ ဗလီဝတ်ကျောင်းတခုနဲ့ အနီးအနား ကျေးရွာတွေက လက်နက်အပြည့်အစုံနဲ့ ထွက်လာကြတဲ့ စစ်သွေးကြွတွေက စီးနင်းတိုက်ခိုက်ခဲ့ရာက ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရတဲ့အကြောင်း အမေရိကန်စစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တနေကုန်ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း အမေရိကန် တပ်ဖွဲ့တွေက လေကြောင်းအကူတွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ခုခံတိုက်ခိုက်ခဲ့ပြီး ရန်သူဘက်မှာ အထိအခိုက် အကျအဆုံး များပြားခဲ့ကြောင်း အမေရိကန်စစ်တပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို ပြောပါတယ်။ ရှေ့တန်းစခန်းတွေကို ဆက်လက်ထိန်းထားနိုင်ပြီး ဒီနယ်မြေထဲမှာ နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်နိုင်အောင်လည်း ကင်းလှည့်တာတွေ လုပ်နေကြောင်း သူက ပြောပါတယ်။

တာလီဘန် ပြောရေးဆိုခွင့် ရှိသူကတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ ပြောဆိုထားပြီး ပါကစ္စတန်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒီဒေသက အခုတိုက်ခိုက်မှုမှာ စစ်သွေးကြွတချို့ဟာ ပါကစ္စတန်ဘက်က လာခဲ့ကြတယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒီအတောအတွင်း အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး ဂျင်မ် ဂျုန်းစ် (Jim Jones) ကတော့ အာဖဂန်နိုင်ငံအနေနဲ့ တာလီဘန်တွေလက်ထဲ ကျရောက်သွားလောက်အောင် အန္တရာယ်မရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အမေရိကန် ရုပ်သံအစီအစဉ် CNN နဲ့ မေးမြန်းခန်းတခုမှာ အာဖဂန်နိုင်ငံက အခြေအနေတွေဟာ ရှုပ်ထွေးလှသလို တပ်တွေစေလွှတ်ပြီး လွယ်လွယ်နဲ့ ဖြေရှင်းရုံနဲ့ မရနိုင်ဘူးဆိုပြီး မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG