သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အမေရိကန်မူဝါဒသစ် ကြားနာစစ်ဆေးပွဲ ကောက်နုတ်ချက်


"Do you favour sanctions against Vietnam?" "I do not." "Do you favour sanctions against Burma?" "I favour keeping sanctions against Burma and relaxing them only respond to real progress." "But, conceptual terms you are not opposed to the idea of lifting sanctions." "In response to a real progress, I am favour the idea of lifting sanctions."

ဗီယက်နမ်နိုင်ငံ ပိတ်ဆို့အရေးယူမှုတွေကို လိုလားပါသလားလို့ မေးတော့ ဖြေတဲ့လူက မလိုလားပါဘူးလို့ ဖြေပါတယ်။ မြန်မာနိုင်ငံ ပိတ်ဆို့ အရေးယူမှုကို မေးတော့ မြန်မာနိုင်ငံအပေါ် လက်ရှိ ပိတ်ဆို့အရေးယူမှုတွေကို ဒီအတိုင်း ဆက်ထားသင့် ပြီး ပြည်တွင်းမှာ ပြောင်းလဲတိုးတက်မှုတွေရှိလာမှ ပိတ်ဆို့မှုတွေ လျှော့ချပေးသင့်တယ်လို့ ယူဆပါကြောင်း ပြန်ဖြေပါတယ်။ ဒါပေမဲ့လည်း သီအိုရီအရဆိုရင်တော့ မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေ ရုပ်သိမ်းပေးရလိမ့်မယ်ဆိုတာကို လက်ခံတယ် မဟုတ်လားလို့ ထပ်မေးပြန်တော့ ဖြေတဲ့လူကလည်း တိုးတက်ပြောင်းလဲမှုတွေရှိလာရင် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးမယ် ဆိုတာကို လက်ခံပါတယ်လို့ ဖြေကြားသွားပါတယ်။

ဒီပြောဆိုချက်ကတော့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် (Jim Webb) ဦးဆောင်တဲ့ နိုင်ငံခြားရေးဆပ်ကော်မတီ ကြားနာပွဲမှာ အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်ရဲ့ မေးခွန်းတွေကို မြန်မာ့ ရေးရာကျွမ်းကျင်သူတဦးဖြစ်တဲ့ အင်ဒီယားနားတက္ကသိုလ် (Inidana University) အခြေခံဥပဒေရေးရာ ပါမောက္ခ ဒေဗစ် ဝီလီယမ်စ် (David Williams) ဖြေကြားသွားတဲ့ တစိတ်တဒေသ ပြောဆိုချက်များဖြစ်ပါတယ်။

လက်ရှိ ဗီယက်နမ်နိုင်ငံမှာ မြင်တွေ့လာရတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေဟာ အမေရိကန်အစိုးရက နဂိုပိတ်ဆို့ အရေးယူ မှုတွေကို ရုပ်သိမ်းပြီးမှ ထွက်ပေါ်လာတဲ့ အကျိုးရလဒ်တွေဖြစ်တယ်လို့ အယူအဆရှိသူ အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ် ဟာ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်အစိုးရရဲ့ အရေးယူမှုတွေကို ရုတ်သိမ်းပေးဖို့ လိုလားနေသူတဦး ဖြစ်ပါတယ်။ ဒီအတွက် သူဦးစီးတဲ့ ကြားနာပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတချို့က မြန်မာနိုင်ငံ ဟာ ဗီယက်နမ် မဟုတ်ဘူးဆိုတဲ့ စာတမ်းထိုးထားတဲ့ အဝါရောက် တီရှပ်တွေကို ဝတ်ဆင်ကာ ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါ တယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကိုကြည့်ရင်း အမှားအယွင်းလိမ်လှည်မှုတွေနဲ့ ပြည့်နေတဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဖွဲ့စည်းပုံဥပဒေဟာ ပြဿနာတခုဖြစ်တယ်လို့ ပါမောက္ခ ဒေဗစ် ဝီလီယမ်စ် က သူရဲ့ အစောပိုင်း အစစ်ခံချက်မှာ ထောက်ပြ ပြောဆိုခဲ့တာကြောင့် ဒီအကြောင်းအရာဟာ ကြားနာပွဲမှာ အဓိက အပြန်အလှန် ထင်မြင်ချက်တွေပေးခဲ့ရတဲ့ အကြောင်းအရာ ဖြစ်ခဲ့ပါတယ်။

အင်ဒီးယားနားတက္ကသိုလ် (Indiana University ) ပါမောက္ခ ဒေဗစ် ဝီလီယမ်စ် (Divid Williams)၊ ဂျော့ချ်တောင်း တက္ကသိုလ်(Georgetown University) ပါမောက္ခ ဒေဗစ် စတိုင်ဘတ် (Davis Steinberg)၊ မြန်မာ့သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦး နဲ့ အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်တို့ဆီမှ ကွဲလွဲတဲ့အမြင်များကို ကြားနာရတဲ့ အချက်အလက် ပြောဆိုချက်များကို ဗွီအိုအေ မြန်မာသတင်းဌာနမှုး ဦးသန်းလွင်ထွန်း က ကောက်နုတ်သုံးသပ် တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG