သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများ အကြမ်းဖက်မှုတိုက်ဖျက်ရေး WLB ကြိုးပမ်း


ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့လကုန်ပိုင်းက ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သားတွေကို အကာအကွယ်ပေးရေးအတွက် သက်ဆိုင်ရာအုပ်စုအားလုံးတို့က ချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အားလုံးအဆုံးသတ်ဖို့ ဆုံးဖြတ်ချက်တရပ်ကို ကန့်ကွက်မဲမရှိ အတည်ပြုခဲ့ကြပါတယ်။ အဲဒီဆုံးဖြတ်ချက် ၁၈၈၈ ဟာ မနှစ်က အတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက် ၁၈၂၀ ကို ပိုပြီး အားဖြည့်ပေးရာ ရောက်စေပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့ကတော့ ထိုင်းအခြေစိုက် WLB ခေါ် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ က ကုလသမဂ္ဂဘေးဘန်းမှာ ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် ၁၈၂၀ ကို အခြေပြုပြီး မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။ WLB ရဲ့ သဘာပတိအဖွဲ့ဝင် မသင်းသင်းအောင် ကို ဒေါ်လှလှသန်း က ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG