သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား လူ့အခွင့်အရေး ချိုးဖောက်မှု ဒီမိုကရေစီအတွက် အဟန့်အတားဖြစ်


ရုရှားနိုင်ငံမှာ ဒီမိုကရေစီရေးကို ရှေးရှုနေတဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ ရှိနေပေမဲ့ သတင်းထောက်တွေနဲ့ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေကို နှိပ်ကွပ် တိုက်ခိုက်နေတာတွေဟာ ဒီတိုးတက်မှုတွေကို အဟန့်အတား ဖြစ်စေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်ပါတယ်။

ဝန်ကြီး ကလင်တန်က သူ့ရဲ့ ဥရောပခရီးစဉ် နောက်ဆုံးနေ့ မော်စကိုက တက္ကသိုလ် ကျောင်းသားတွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရုရှားပြည်သူတွေ အနေနဲ့ အာဏာပိုင်တွေရဲ့ အာဏာအလွဲသုံးစား လုပ်မှုတွေကို လွတ်လွတ်လပ်လပ် စိန်ခေါ်ခွင့် ရှိသင့်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) နဲ့ အင်္ဂါနေ့ တွေ့ဆုံခဲ့တုန်းက သတင်းထောက်တွေ အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တယ်လို့ မော်စကို ရေဒီယို သတင်းဌာန တွေ့ဆုံခန်းမှာ ပြောပါတယ်။

မနေ့က ဝါရှင်တန်ကို မပြန်ခင် တာဂျစ်ကစ္စတန်နိုင်ငံမှာ ခရီးတထောက် နားခဲ့ပါတယ်။ ဒီနိုင်ငံမှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းကိုရော၊ မွတ်စလင် ဗလီဝတ်ကျောင်းကိုပါ သွားရောက် လေ့လာခဲ့ပါတယ်။ ဒီနိုင်ငံဟာ မတူကွဲပြားတဲ့ ဘာသာတွေအကြား အပြန်အလှန် နားလည် သည်းခံမှုရှိတဲ့ စံပြ နမူနာနိုင်ငံ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG