သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား


မနေ့က ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါ ဒေသက အစိုးရ အဆောက်အဦးတွေနားမှာ အသေခံဗုံးခွဲသမား ၃ ယောက်က ဗုံးဖောက် ခွဲခဲ့ပါတယ်။ ဒါဟာ အစိုးရစစ်တပ်တွေ တပ်စွဲထားတယ်လို့ သံသယရှိတဲ့နေရာတွေကို တာလီဘန်တွေက ထိုးနှက်ချေမုန်း တာ လို့ ယူဆရပါတယ်။

မကြာခင်ကာလအတွင်း ပါကစ္စတန်နိုင်ငံမှာ ဆက်တိုက်ဆိုသလို အရှိန်အဟုန်နဲ့ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက စိတ်မသက်မသာ ဖြစ်ရတယ်လို့ ဝါရှင်တန်ဒီစီ မြို့တော် ပင်တဂွန် စစ်ဌာနချုပ်က ပြောခွင့်ရသူ ဘရိုင်ရန် ဝစ်ဒ်မန် က ပြောခဲ့ပါတယ်။ တချိန်တည်းမှာပဲ အကြမ်းဖက်မှုတွေကို ကြိုစားဖြိုခွင်းနေတဲ့ ပါကစ္စတန် အစိုးရကိုတော့ ချီးကျူးမိတယ်လို့ ပြောခဲ့ပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ ရဲစခန်းအပြင်ဘက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲအရာရှိ ၃ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ ကလေး တဦး အပါအဝင် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူကမှ တာဝန်ယူပြောဆိုခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂ ပတ်အတွင်း လူ ၁၅၀ ကျော်သေဆုံးစေခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ပက်ရှ်ဝါ ဒေသမှာ ခြေကုပ်ယူ လှုပ်ရှားနေတဲ့ တာလီဘန်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ သံသယတွေ ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG