သုံးရလွယ်ကူစေသည့် Link များ

ဖိလစ်ပိုင်မှာ နောက်ထပ် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်ဖွယ်ရှိ


တိုင်ဖုန်းမုန်တိုင်း နှစ်ခုရဲ့ဒဏ်ကို လောလောလတ်လတ် ခံထားရတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ နောက်ထပ် ဝင်ရောက်လာဖို့ ရှိနေတဲ့ မုန်တိုင်းဒဏ် ကာကွယ်ရေး ပြင်ဆင်မှုတွေ လုပ်တဲ့အနေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေကို ဖြန့်ချထားသလို သဘာဝ ဘေးဒဏ် ကယ်ဆယ်ရေး ပစ္စည်းတွေကို တာဝန်ရှိသူတွေက လိုက်လံ ဝေငှနေပါတယ်။

လေတိုက်နှုန်း ၁၀၈ မိုင်လောက်ရှိတဲ့ လူပစ်မုန်တိုင်းဟာ မိုင် ၁၃၀ နှုန်းအထိ အင်အား ပြင်းထန်သွားနိုင်တယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက ပြောပါတယ်။ မုန်တိုင်းဟာ အင်္ဂါနေ့ကျရင် လူဇွန်ကျွန်း ကုန်းတွင်းပိုင်းထဲ ဝင်လာမယ်လို့ ခန့်မှန်းထားပါ တယ်။

ကက်ဆာနာ (Ketsana) နဲ့ ပါးမား (Pama) မုန်တိုင်းတွေရဲ့ ဒဏ်ကနေ ပြန်ပြီး နာလန်မထူနိုင်သေးတဲ့ ဖိလစ်ပိုင်ကို အခုလို နောက်ထပ် အင်အားပြင်း မုန်တိုင်းတခု ဝင်လာမှာ ဖြစ်ပါတယ်။

အရင်မုန်တိုင်း ၂ ခုကြောင့် လူပေါင်း ၈၅၀ ကျော် သေဆုံးခဲ့ပါတယ်။ လူ ၃၀၀,၀၀၀ ကျော်ကလည်း အခုချိန်ထိ ယာယီစခန်း တွေမှာ နေနေရဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG