သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် သွားမည်


အမေရိကန် ပြည်ထောင်စုရဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဟာ မကြာခင် မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။

လာရောက်မယ့်ရက် အတိအကျကိုတော့ မသိရသေးဘူးလို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး တာဝန်ခံက ပြောတဲ့အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောခဲ့ပါတယ်။

မစ္စတာကမ်းဘဲလ်ဟာ ဒီခရီးစဉ်အတွင်းမှာ စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောင်းလဲလာတဲ့ သဘောထားရဲ့ တစိတ်တပိုင်း ရလဒ်ဖြစ်မယ်လို့ လေ့လာသူတွေက ယူဆထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG