သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် တကျော့ပြန် ရွေးကောက်ပွဲမှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်း သမ္မတနဲ့ ယှဉ်ပြိုင်မည်


အာဖဂန်နစ္စတန် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) ကို စိန်ခေါ်ခဲ့တဲ့ ပြိုင်ဘက် သမ္မတလောင်း အဗ္ဗဒူလာ အဗ္ဗဒူလာ (Abdullah Abdullah) က တကျော့ပြန် ရွေးကောက်ပွဲအတွက် သူ့အနေနဲ့ အဆင်သင့်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ သမ္မတ ခါဇိုင်းနဲ့ အာဏာခွဲဝေရေး အလားအလာနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ မပြောဆိုနိုင်သေးဘူးလို့ အဗ္ဗဒူလာ အဗ္ဗဒူလာက ကဘူးလ်မြို့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

တကျော့ပြန် ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပဖြစ်မယ်ဆိုရင် မဲဆန္ဒရှင်တွေအတွက် စိတ်ချလုံခြုံမှု ပေးနိုင်ပြီး ပွင့်လင်း ထင်သာမြင်သာ ရှိစေဖို့ လိုတယ်လို့လည်း မစ္စတာ အဗ္ဗဒူလာက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီယန် ကယ်လီ (Ian Kelly) ကတော့ အမေရိကန် ပြည်ထောင်စုအနေနဲ့ အာဖဂန်နစ္စတန်မှာ အာဏာခွဲဝေရေး အလားအလာကို မခန့်မှန်းနိုင်ကြောင်းနဲ့ တကျော့ပြန် ရွေးကောက်ပွဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာကို ထောက်ခံကြောင်း ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ခရိုင်ပေါင်း ၃၈၀ ရှိတဲ့အထဲက ခရိုင်ပေါင်း ၂၀၀ က ရွေးကောက်ပွဲ တာဝန်ခံတွေဟာ မသမာမှုတွေနဲ့ ပတ်သက်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဒီတခါ ရွေးကောက်ပွဲမှာတော့ သူတို့ကို တာဝန်မပေးတော့ဘူးလို့ ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG