သုံးရလွယ်ကူစေသည့် Link များ

မြန်မာဘက်က နယ်စပ်ငြိမ်းချမ်းရေး ထိန်းသိမ်းလိမ့်မယ်လို့ တရုတ်ဝန်ကြီးချုပ် မျှော်လင့်


မြန်မာစစ်အစိုးရ အနေနဲ့ အိမ်နီးချင်း တရုတ်နယ်စပ်မှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ ဒါဟာဆိုရင် ထောင်သောင်းချီတဲ့ ဒေသခံတွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးကြရတဲ့အထိ နှစ်နိုင်ငံ နယ်စပ်အနီး လက်နက်ကိုင် ပဋိပက္ခတွေ မကြာသေးခင်က ဖြစ်ပွားခဲ့ပြီးနောက် ပြောဆိုလိုက်တာပါ။

တရုတ်-မြန်မာ နယ်စပ်ဒေသမှာ ပြဿနာတွေကို သေသေချာချာ ကိုင်တွယ်နိုင်လိမ့်မယ်၊ တည်ငြိမ်မှုကိုလည်း ထိန်းသိမ်း စောင့်ရှောက် သွားနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း တရုတ်ဝန်ကြီးချုပ် ၀မ်ကြားဘောင် (Wen Jiabao) ကို ကိုးကားပြီး တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ဖော်ပြခဲ့တာပါ။

ထိုင်းနိုင်ငံ ဟွာဟင်မြို့က အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေ ကျင်းပနေစဉ် တနင်္ဂနွေနေ့က မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ အလွတ်သဘော တွေ့ဆုံချိန်မှာ တရုတ်ဝန်ကြီးချုပ် ၀မ်ကြားဘောင်က အခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာလို့လည်း သတင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်မှာရှိတဲ့ တရုတ်လူမျိုး အများစုရှိရာ ကိုးကန့် ဒေသ မှာ အပစ်အခတ် ရပ်စဲထားတဲ့ ကိုးကန့်တပ်ဖွဲ့တွေအပေါ် စစ်အစိုးရတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင် ခဲ့ပါတယ်။

တိုက်ပွဲတွေက ရှောင်ရှားပြီး ဒေသခံ ၃၀,၀၀၀ ကျော်ဟာ ဆိုရင်လည်း အိမ်နီးချင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG