သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကြောင့် ဗီယက်နမ်မှာ ၉၀ ကျော် သေဆုံး


ဗီယက်နမ်နိုင်ငံမှာ မေရီနေး (Marinae) တိုင်ဖုန်းမုန်တိုင်းကြောင့် သေဆုံးသူပေါင်း ၉၀ နီးပါး ရှိသွားပြီဖြစ်ပြီး လူအများအပြား ပျောက်ဆုံးနေဆဲပဲလို့ ဗီယက်နမ်အစိုးရရဲ့ သဘာ၀ ကပ်ဘေးဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

သေဆုံးသူ အများစုဟာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးခဲ့တဲ့ ဖုယန်နဲ့ ဗင်ဒင်းတို့လို ပင်လယ်ကမ်းခြေ ပြည်နယ်တွေက ဖြစ်ပါတယ်။ အစိုးရ သတင်းမီဒီယာတွေမှာတော့ မုန်တိုင်းကြောင့် အိမ်ပေါင်း ၁၃,၀၀၀ ပျက်စီးခဲ့ပြီး လယ်ယာမြေ ဧကပေါင်း ၁၂,၄၀၀ ရေလွှမ်းမိုးခဲ့တယ်လို့ ဆိုပါတယ်။ လူထောင်ပေါင်းများစွာလည်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။

ရေလွှမ်းမိုးတဲ့ ရွာတွေမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေး လုပ်သားတွေက လှေတွေသုံးပြီး ကယ်ဆယ်နေကြရပါတယ်။

တနင်္လာနေ့ကစလို့ ဗီယက်နမ်ကမ်းခြေကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ မေရီနေး မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကတဆင့် အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံကို ရွေ့လျားသွားတဲ့ အခါမှာတော့ အားပျော့သွားပြီး အပူပိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အသွင်ပြောင်းသွားပါတယ်။

ဗီယက်နမ်နိုင်ငံကို မဝင်ရောက်ခင် ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်ခဲ့ပြီး လူ ၂၀ လောက် သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG