သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား ဝန်ကြီးချုပ် စီးပွားရေး အကြံပေးအဖြစ် မစ္စတာသက်ဆင်ကို ခန့်အပ်


ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) ရဲ့ စီးပွားရေး အကြံပေး ပုဂ္ဂိုလ်အဖြစ်နဲ့ ကမ္ဘောဒီးယားနိုင်ငံက ခန့်အပ်လိုက်ပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန်ကို အကြံပေးဖို့အတွက် ခန့်အပ်ခဲ့တာ ဖြစ်တယ်လို့ ကမ္ဘောဒီးယား အစိုးရရဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာသက်ဆင်ရာ ထိုင်းနိုင်ငံပြင်ပမှာ နေထိုင်တာဖြစ်ပြီး တကယ်လို့ သူ့အနေနဲ့ ထိုင်းနိုင်ငံကို ပြန်မယ်ဆိုရင် အဂတိလိုက်စားမှုကြောင့် ထောင်ဒဏ် ၂ နှစ် ကျခံရဖွယ် ရှိပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ၂၀၀၆ ခုနှစ် အာဏာသိမ်းယူမှုမှာ ရာထူးကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာတော့၊ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ နေထိုင်သူတွေက သူ့ကို ထောက်ခံအားပေးမှုတွေ အတော်လေး ရှိနေတုန်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကတော့ မစ္စတာဟွန်ဆန်က မစ္စတာသက်ဆင်ကို ကမ္ဘောဒီးယားနိုင်ငံမှာ ခိုလှုံခွင့် ပေးခဲ့ပါတယ်။ ဒီလိုမျိုး ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဘက်က ဖိတ်ခေါ် ကမ်းလှမ်းခဲ့တာကြောင့် ထိုင်းနိုင်ငံသားတွေ ဒေါသထွက်ခဲ့ကြပြီး မစ္စတာသက်ဆင်ကို ထိုင်းနိုင်ငံကို လွှဲပြောင်းဖို့ တောင်းဆိုမယ်လို့ ထိုင်းအာဏာပိုင်တွေဘက်က ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG