သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်မှူးလက်ချက် Fort Hood စစ်စခန်းမှာ ၁၃ ဦးသေ


အမေရိကန်စစ်စခန်းတခုမှာ အဆိုးရွားဆုံး ပစ်ခတ်မှုတခု ဖြစ်ခဲ့ပြီးတဲ့နောက်၊ သေဆုံး ဒဏ်ရာရသူတွေ အတွက် တက္ကဆက်ပြည်နယ်က စစ်စခန်းမှာ တရက်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဒီကနေ့ သောကြာနေ့ကို သတ်မှတ် ထားပါတယ်။

ပြည်ပကို စေလွှတ်မယ့် စစ်သားတွေ ပြင်ဆင်နေကြတဲ့ အဆောက်အဦးတခုထဲကို ကြာသပတေးနေ့မှာ စစ်ဘက် စိတ်ပညာရှင်တဦးက သေနတ် နှစ်လက်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် လူ ၁၃ ယောက် သေဆုံးပြီး ၃၁ ယောက် ဒဏ်ရာ ရသွားတယ်လို့ Fort Hood စစ်စခန်း အာဏာပိုင်တွေက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်တယ်လို့ ဆိုသူဟာ နိုင်ငံအရှေ့တောင်ပိုင်း ဗာဂျီးနီးယားပြည်နယ် က ဗိုလ်မှူး နီဒဲလ် မာလစ် ဟာဆင်န် (Nidal Malik Hasan) ဖြစ်တယ်လို့ ဆိုပါတယ်။ ဗိုလ်မှူး ဟာဆင်န် ဟာ စစ်ဘက်နဲ့ အရပ်ဘက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန် အလှန် ပစ်ခတ်ရာမှာ သေဆုံးသွားတယ်လို့ ကနဦး သတင်းတွေက ဆိုပေမဲ့ တကယ်ကတော့ မသေဆုံးခဲ့ပါဘူးလို့ နာရီအတော်ကြာမှာ Fort Hood တပ်စခန်းတပ်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရောဘတ် ကုန်း (Robert Cone) က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အရပ်ဘက် ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့တယ်ဆိုတာဟာလည်း မဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။ ဗိုလ်မှူး ဟာဆင်န် ဘာကြောင့် အခုလို အချင်းချင်း ပြန်ပစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် သူဟာ အီရတ်နဲ့ အာဖဂန် စစ်ပွဲတွေကို အပြင်းအထန် ဆန့်ကျင်သူ ဖြစ်တယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဟောင်းတဦးက ပြောကြောင်း ဗိုလ်ချုပ်ကြီး ကုန်း က ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG