သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ရင် ဂျပန် အကူအညီ ပိုပေးမည်


မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဂျပန်ဝန်ကြီးချုပ် ယူကီအို ဟတိုယာမ (Yukio Hatoyama) က တိုက်တွန်းလိုက်ပါတယ်။

ရှေ့နှစ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဒီမိုကရေစီ နည်းလမ်းတကျ ကျင်းပသွားတာကို ဂျပန်က မြင်လိုကြောင်းနဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ဟာ အင်မတန် အရေးကြီးကြောင်း ဂျပန်နိုင်ငံကို ရောက်နေတဲ့ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို ဂျပန်ဝန်ကြီးချုပ် မစ္စတာ ဟတိုယာမက ပြောခဲ့တာ ဖြစ်ပါတယ်။

တိုကျိုမြို့တော်မှာ ပြုလုပ်ခဲ့တဲ့ ဂျပန်နဲ့ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲမှာ ဂျပန်ဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်တို့ စနေနေ့က ဘေးထွက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနဲ့ အမေရိကန် အစိုးရကြားမှာ ထိတွေ့ဆက်ဆံဖို့ လုပ်လာတဲ့ အပေါ်မှာလည်း ဂျပန်က ကြိုဆိုခဲ့ပါတယ်။

အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေလှမ်းရင် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာတဲ့ ထောက်ပံ့မှုတွေကို ဂျပန်က တဖြည်းဖြည်း တိုးပေးသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို ပြောခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ ဂျပန်နိုင်ငံကို ၂၀၀၃ ခုနှစ် ကတည်းကဆိုရင် ပထမဆုံး လာရောက်တဲ့ မြန်မာခေါင်းဆောင်တယောက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူသားချင်း စာနာမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေကို ပေးနေတဲ့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် ၂၀၀၈ ခုနှစ်က ပေးခဲ့တဲ့ ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG