သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်ကာပူမှာ အာရှ-ပစိဖိတ် ခေါင်းဆောင်များ အစည်းအဝေး စတင်


အာရှ-ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ နှစ်ပတ်လည် ညီလာခံကို ဒီနေ့ တနင်္ဂနွေနေ့မှာ စင်ကာပူ နိုင်ငံမှာ စတင်ကျင်းပပါတယ်။ ကုန်သွယ်ရေး တိုးတက်မှုနဲ့ ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့စီးပွားရေး အကောင်းဆုံး နိုင်ငံပေါင်း ၂၁ နိုင်ငံက အဆင့်မြင့်အရာရှိတွေ ဆွေးနွေးနေကြပါပြီ။

စာရွက်စာတမ်း လိုအပ်ချက်တွေ၊ နည်းလမ်းအဆင့်ဆင့်တွေ ပိုပြီးရိုးရှင်းအောင် ပြုလုပ်ပြီး အာရှ-ပစိဖိတ်ဒေသ နိုင်ငံတွေရဲ့ ကုန်သွယ်ရေး တိုးတက်မှု ကောင်းမွန်မှုရှိဖို့ အေးပက် (APEC) ညီလာခံ တက်ရောက်တဲ့ အရာရှိတွေ ဆွေးနွေးကြပါတယ်။

အာရှ-ပစိဖိတ်ဒေသအတွက် လွတ်လပ်စွာ ကုန်သွယ်မှုနယ်မြေ သတ်မှတ်တဲ့ဘက်ကို ဦးတည်သွားဖို့လည်း ဆွေးနွေးခဲ့ကြ ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကြက်ဆောင်ရွက်တဲ့ နည်းကြောင့် အေးပက် နိုင်ငံတွေရဲ့ စီးပွားရေးတွေ အကျိုးအမြတ် အများကြီး ရရှိခဲ့ပါတယ်လို့ အေးပက် အတွင်းရေးမှူးအဖွဲ့ရဲ့ ဒီနှစ်အတွက် အမှုဆောင် ညွှန်ကြားရေးမှူး မိုက်ကယ် တေ (Michael Tay) က ပြောပါတယ်။

ကမ္ဘာ့ဘဏ္ဍာရေး ပဋိပက္ခကြီးကြောင့် ကမ္ဘာ့စီးပွားရေးမှာ မညီမျှမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ရ တယ် လို့လည်း ဆိုပါတယ်။

အေးပက်ညီလာခံကို မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီ အေးပက်ညီလာခံကို ၈ ရက်တာ ကျင်းပမှာဖြစ်ပြီး အာရှဒေသကို သမ္မတဖြစ်ပြီး ပထမဆုံးအကြိမ် လာရောက်တဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တက်ရောက်မယ့် အေးပက်ခေါင်းဆောင်တွေရဲ့ ထိပ်သီး ဆွေးနွေးပွဲ နဲ့ အဆုံးသတ်မှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားဟာ အာဆီယံ ခေါင်းဆောင်တွေနဲ့လည်း သီးသန့် ဆွေးနွေးဖို့ရှိပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းကျ အပြောင်းအလဲတွေ ဖြစ်ပေါ်ရေး ဒေသတွင်း နိုင်ငံတွေက ဖိအားပေး လုပ်ဆောင်ကြဖို့ တိုက်တွန်းမယ်လို့ ခန့်မှန်းရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG